Healthy Life Ad
Q & A

အတွင်းတိမ်ကို မိုးကြိုးသွားနဲ့ ကုလို့ရသလား . . .

မေး။ ။ ကျွန်တော့်ဦးလေးက အတွင်းတိမ်ဖြစ်တာ ခွဲစရာမလိုဘူး၊ မိုးကြိုးသွားနဲ့ကုလို့ရတယ် ပြောလို့ပါ။မိုးကြိုးသွားနဲ့ ကုတာက ကောင်းကျိုးရှိပါသလား၊ဆိုးကျိုးဖြစ်မှာ စိုးရိမ်လို့ပါခင်ဗျား။
ထွန်းဝင်း၊ ညောင်ဦး။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အတွင်းတိမ်ကို မိုးကြိုးသွားနဲ့ ကုတယ်ဆိုတာက မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို တွန်းထုတ်လိုက်တော့
Vitreous Cavity ထဲကို ကျသွားပါတယ်။ အဲဒီလိုကျသွားတော့ ရှေ့မှာ လွတ်သွားတဲ့အတွက် တစ်ပေအကွာလောက်ကို မြင်ရတယ်။ အဲဒီတော့ လူနာကဝမ်းသာသွားတယ်။ အဲဒီလို မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို ကုသပြီးတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ဘာဖြစ်တတ်သလဲဆိုတော့ အတွင်းတိမ်က Vitreous Cavity ထဲကို မလိုလားအပ်ဘဲ ဝင်နေတာ ရေတိမ်ဝင်လာနိုင်တယ်၊ သူငယ်အိမ်ရောင်နိုင်တယ်၊ အဲဒီကနေတစ်ဆင့် မျက်စိတောင် ကွယ်သွားနိုင်ပါတယ်။ မိုးကြိုးသွားနဲ့ ကုတာက လတ်တလောမှာ ကောင်းပေမယ့် ရေရှည်မှာတော့ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top