Healthy Life Ad
Q & A

မျက်စိရေတိမ်ခွဲပြီးသား ဘာကြောင့်ပြန်ဖြစ် . . .

မေး. ကျွန်တော်မျက်စိရေတိမ်ခွဲထားတာပါ။ ခွဲပြီးကာစတုန်းက ရေချိန်(Tension)က ကျပါတယ်။ နှစ်လ လောက်ကြာတော့ ရေချိန်ပြန်တက်ပါတယ်။ ဘာ ကြောင့်လဲ။ အဲဒီရေတိမ်က ခွဲပြီးသားကို ဘာလို့ပြန် ဖြစ်တာလဲခင်ဗျာ။
CMA (FB)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရေတိမ်ခွဲပြီးသားက ပြန်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ကလွယ်တယ်။ ခွဲပြီး မှန်ဘီလူးထည့်လိုက်ရင် လူနာရဲ့ကျေနပ်မှုရတယ်။ ရေတိမ်ကကျတော့ခွဲပြီး ရေလမ်းကြောင်းဖောက်ထုတ်လိုက်ပေမယ့် တစ်ခါတလေ ရေလမ်းကြောင်းက ပြန်ပိတ်သွားနိုင်တယ်။ အဲဒီအခါ ရေဖိအားက ပြန်များလာနိုင်တယ်။ ဒါကြောင့် ရေတိမ်က ထပ်ဖြစ်နိုင်ပါတယ်။ ထပ်ပြီးရေတိမ်ဖြစ်ရင်တော့ ခွဲဖို့ထက် ဆေးဝါးနဲ့ကုသနိုင်မလားဆိုပြီး ကြိုးစားကြည့်တယ်။ မရဘူးဆိုမှ နောက်တစ်ကြိမ် ထပ်ခွဲရတယ်။ အဲဒီလိုပြန်ခွဲရင် ကောင်းနိုင်ပါသလားဆိုတာကို ဖြေဖို့ကျတော့ အခုချိန်ထိ မျက်စိရေတိမ်ခွဲစိတ်ကုသမှုအားလုံးက ရာနှုန်းပြည့် ကျေနပ်တဲ့ခွဲစိတ်ကုသမှုမျိုး မရကြသေးဘူး။ ရေလမ်းကြောင်းဖောက်ထုတ်လိုက်ပေမယ့် အနည်းနဲ့အများ ပြန်ပိတ်သွားတာရှိတယ်။

တစ်ခါတလေကျတော့ တစ်ခါခွဲပြီး ရေလမ်းကြောင်းဖောက်ထုတ်လိုက်ရုံနဲ့ တစ်သက်လုံးကောင်းသွားတာရှိတယ်။ တချို့လူနာတွေကျတော့ သုံးလေးကြိမ်ခွဲရတာမျိုးရှိတယ်။ အဲဒီလိုသုံးလေးကြိမ်ခွဲပြီးလည်း ကောင်းချင်မှကောင်းတာမျိုးပါ။ ဒါကြောင့် ရေတိမ်ရောဂါက ရှုပ်ထွေးတဲ့အတွက် မျက်စိပညာရပ်မှာ ရေတိမ်က သီးသန့်ဘာသာရပ်အနေနဲ့တောင်ရှိပါတယ်။ ဒါကြောင့် ပြန်ခွဲရင်ကောင်းနိုင်မလားဆိုတာမှာ ၉၀ ရာခိုင်နှုန်းလောက်က ပြန်ခွဲရင်ကောင်းနိုင်ပေမယ့် တချို့လူနာတွေကျတော့ သုံးလေးကြိမ်ခွဲရုံနဲ့တောင် ကောင်းချင်မှကောင်းနိုင်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top