Healthy Life Ad
International

အရေပြားမပါသည့် ကလေးငယ် အိန္ဒိယနိုင်ငံတ် မွေးဖွား

၊ မိုးမင်းထွန်း ၊

မျိုးဗီဇဆိုင်ရာ သန္ဓေပြောင်းမှုကြောင့်ဖြစ်ပေါ် တဲ့ Harlequin Ichthyosis ရောဂါကြောင့် မွေးကင်းစကလေးငယ်ဟာ အဖြူရောင်အချပ်တွေ ဖုံးအုပ်ကာ မွေးဖွားလာပါတယ်။

သနားစရာသမီးငယ်လေးဟာ ဘဝတစ်လျှောက်လုံး အရေပြားအစိုဓာတ်ရှိအောင် အလှဆီလိမ်းကာ နေထိုင်ရတော့မယ်လို့ ကလေးအထူးကုဒေါက်တာ ရက်ရှ်ဘာနိတ်က ပြောပါတယ်။ ရောဂါအတွက် ဆေးမရှိသေးကြောင်းနဲ့ ကလေးအသက်ရှင်အောင်သာ ဆေးပညာက ပြုလုပ်ပေးနိုင်သေးကြောင်း သူက ဆိုပါတယ်။ ပုံမကျ ပန်းမကျ မွေးဖွားလာတဲ့ ကလေးငယ်ဟာ ပုံမှန်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ရေနံဂျယ်လီနဲ့အုန်းဆီတို့ လိမ်းပေးဖို့ လိုအပ်ပြီး အာဟာရဖြည့်စွက်စာတွေ စားပေးဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။ ရောဂါကူးစက်ဖို့လွယ်ကူတာကြောင့် အထူးသတိထားရမယ်လို့ ဒေါက်တာဘာနိတ်ကပြောပါတယ်။ အရေပြားလုံးဝမပါတာကြောင့် အရေပြားအစားထိုးခြင်းကိုလည်း ပြုလုပ်နိုင်ဖွယ်မရှိဘူးလို့ ဆရာဝန်တွေကပြောပါတယ်။ ကံကောင်းတာက ကလေးမှာအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမတွေ့ရတာလို့သိရပါတယ်။ ဒီရောဂါမျိုးက ကလေး ၃၀ဝယဝ၀ဝမှာ တစ်ယောက်သာ ဖြစ်နိုင်လေ့ရှိပါတယ်။

၁၉၈၄ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ အရေပြားမပါတဲ့ ကလေးတစ်ယောက် မွေးဖွားဖူးပြီး အသက် ၂၄ နှစ်အထိနေထိုင်သွား ရပါတယ်။ ၁၉၉၄ခုနှစ်ကလည်း အမေရိကန်နိုင်ငံမှာ နောက်ထပ် ကလေးတစ်ဦး မွေးဖွားဖူးတယ်လို့ သိရှိရပါတယ်။

(Ref; DS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top