Healthy Life Ad
International

အာထရာဆောင်း ဓာတ်ပုံအရ သန္ဓေသား ပုံသဏ္ဌာန်က ပြိုင်ကားပုံဖြစ်နေ

၊ မိုးမင်းထွန်း ၊

အွန်လိုင်းအသုံးပြုသူတစ်ယောက်ဟာ သူ့ဇနီးက ပြိုင်ကားတစ်စီးကို ကိုယ်ဝန်ဆောင်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အာထရာဆောင်းဓာတ်ပုံနဲ့တစ်ကွ Reddit ဝက်ဘ်ဆိုဒ်မှာတင်လိုက်ပါတယ်။ ကြည့်ရှုသူတွေအကြား ရေပန်းစားသွားပြီး ရှဲလ်သူတွေ၊ မှတ်ချက်ပေးသူတွေနဲ့ မြိုင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။အာထရာဆောင်းပုံမှာ ဘီးနှစ်ဘီး၊ စောင်းနေတဲ့ အမိုးတစ်ခု၊ ဒရိုင်ဘာပြတင်းပေါက်နဲ့ စတီယာရင်နဲ့ တူညီတဲ့အရာတစ်ခု ပါဝင်ခဲ့ပါတယ်။မှတ်ချက်ပေးသူတွေက ဖခင်လောင်းကိုရယ်စရာ မှတ်ချက်တွေပေးပြီး ကောင်းချီးပေးခဲ့ကြပါတယ်။

ဇန်နဝါရီလတုန်းကလည်း မကောင်းဆိုးဝါးတစ်ကောင်က မမွေးသေးတဲ့ကလေးကို စောင့်ကြည့်နေတဲ့ အာထရာဆောင်းပုံက နာမည်ကြီးခဲ့ပါသေးတယ်။ နှစ်ရက်အတွင်းမှာ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ တယ်လို့ ဆိုပါတယ်။

တခြားစုံတွဲတစ်တွဲကလည်း အာထရာဆောင်းထဲမှာ အာသာဘုရင်ရဲ့ပုံစံကိုတွေ့မြင်ခဲ့ရတယ်လို့ ပြောပြပါတယ်။ ဖေဖော်ဝါရီလတုန်းက သူ့မျက်နှာကိုပြန်ထိုးနေတဲ့ ကလေးတစ်ယောက်ရဲ့ပုံကို မြင်တွေ့ခဲ့ရပါသေးတယ်။4D နည်းပညာနဲ့ရိုက်ကူးထားတဲ့ ဒီပုံတွေက မိဘတွေကို အံ့အားသင့်အောင် ပြုလုပ်ပေးနေပါတယ်။

ကလေးမမွေးခင်မှာ ကလေးရဲ့ပုံစံဘယ်လိုရှိသလဲဆိုတာသိချင်ကြတဲ့ မိဘတွေကြားမှာ 4D နည်းပညာနဲ့ ရိုက်ကူးတဲ့ အာထရာဆောင်းပုံတွေဟာ ရေပန်းစားနေတယ်လို့လည်းသိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top