Healthy Life Ad
Q & A

သွေးတိုးရောဂါကို ပျောက်အောင် ကုသနိုင်ပြီလား

မေး။ ။ သွေးတိုးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား သိချင်လို့ပါ။

MinOo(FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သွေးတိုးရောဂါက ကုသလို့ မပျောက်ပါဘူး။ သွေးတိုးရောဂါကို ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ သွေးတိုးတာက ရာသက်ပန် ကုသမှုခံယူရင်း အစားအသောက်၊ အနေအထိုင်ကို ထိန်းသိမ်းရမယ့် ရောဂါဖြစ်ပါတယ်။ သွေးပေါင် မှန်မှန် ချိန်ပေးရပါမယ်၊ ဆေးမှန်မှန်သောက်ပေးရပါမယ်။ သွေးတိုးရောဂါရှိ တဲ့သူတစ်ဦးက ရေရှည် ကျန်းမာစေဖို့ အငန်လျှော့ စားရပါမယ်။ အဆီအအိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်တွေ ကို များများ စားပေးရပါမယ်။ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်-တစ်ပတ်မှာ ငါးရက် ချွေးထွက်တဲ့ အထိ လုပ်ဆောင်ပေးရပါမယ်။ ဒါဆိုရင် သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရောဂါတွေမရအောင် ကာကွယ်နိုင်ပြီး သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top