Healthy Life Ad
Child

သမီး အရွယ်သေးနေလို့ ဖေဖေ ဆေးလိပ်ဖြတ်ပေးပါ . . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် )

ကိုထွန်းနိုင်နဲ့ မမေသီတို့ အိမ်ထောင်သက်တမ်းသုံးနှစ်ကျော်မှ ကိုယ်ဝန်ရလာလို့ သိပ်ကို ပျော်ရွှင်ဝမ်းသာနေကြတယ်။ သမီးဦးလေး မီးမီးမွေးလာတော့ ကိုထွန်းနိုင်တို့ဇနီးမောင်နှံတင်မက နှစ်ဖက် မိဘတွေကပါ သည်းသည်းလှုပ်ချစ်ခဲ့ကြတယ်။ တစ်ဦးတည်းသော သားဖြစ်တဲ့ ကိုထွန်းနိုင်က အိမ်ထောင်ကျကတည်းက မိဘတွေနဲ့မခွဲဘဲ အတူနေပြန်တော့ မီးမီးက အဘိုးအဘွားတွေရဲ့ အသည်းကျော်။

မီးမီးကို မဖျားမနာအောင် ဝိုင်းဂရုစိုက်ကြ၊ ခြင်၊ ယင်၊ မှက် မနားအောင် ဝိုင်းကြည့်ကြ၊ မီးမီး ငိုလိုက်ပြီဆိုရင် သူ့ထက်ငါ အလုအယက် ဝိုင်းချီလိုက်ကြနဲ့ တစ်အိမ်လုံး “မီးမီးလေး”၊ “ မီးမီးလေး”ဆိုတဲ့ အသံတွေ ဖုံးလွှမ်းလို့ . . .။

မမေသီဟာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မီးမီးလေးကို ခြောက်လအထိ မိခင်နို့ချို တစ်မျိုးတည်းတိုက်ကျွေးခဲ့ပါတယ်။ ဖြစ်ချင်တော့ မီးမီးလေးအသက် ခြောက်လကျော်လို့ ဖြည့်စွက်စာ စကျွေးချိန်မှာ မီးမီးလေးရဲ့ခန္ဓာကိုယ်က တခြားကလေးတွေလို ဖွံ့ဖြိုးမနေဘဲ သေးနေခဲ့တယ်။ မကြာခဏ ချူချာနေခဲ့တယ်။ ဖြည့်စွက်စာကပဲ လိုအပ်ချက်ရှိနေလို့လား၊  အားဆေးပဲ ပြောင်းတိုက်ရမလား . . ဝေခွဲမရ စိတ်တွေနဲ့ အာဟာရဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ဆီကို ကလေးချီပြီး ကိုထွန်းနိုင်တို့ဇနီးမောင်နှံ သွားပြဖြစ်ခဲ့ပါတော့တယ်။

_ _ _

သမီးလေးနှုတ်က တစ်ခုခုရွတ်လိုက်သလို ကိုထွန်းနိုင်ကြားယောင်လိုက်တယ်။
“ သမီး အရွယ်သေးနေလို့ ဖေဖေ ဆေးလိပ် ဖြတ်ပေးပါ”
ကိုထွန်းနိုင် ဆတ်ခနဲ တွန့်သွားပြီး သမီးလေးဆီ သွားလိုက်တယ်။ သမီးလေးက ခြေလက်လေးတွေလှုပ်ရင်း

“ ဆရာဝန်က ဘာပြောလိုက်လဲ သား”

မိခင်ဖြစ်သူရဲ့ အမေးကို မဖြေခင် ပုခက်ထဲက သမီးလေးကို ကိုထွန်းနိုင်လှမ်းကြည့်လိုက်မိတယ်။ သမီးလေးက ပုခက်ထဲမှာ ခြေလက်လေးတွေ လှုပ်ခတ်လို့ . . အဲဒီအချိန်မှာ သမီးလေးနှုတ်က တစ်ခုခုရွတ်လိုက်သလို ကိုထွန်းနိုင်ကြားယောင်လိုက်တယ်။

“ သမီး အရွယ်သေးနေလို့ ဖေဖေ ဆေးလိပ် ဖြတ်ပေးပါ” ကိုထွန်းနိုင် ဆတ်ခနဲ တွန့်သွားပြီး သမီးလေးဆီ သွားလိုက်တယ်။ သမီးလေးက ခြေလက်လေးတွေလှုပ်ရင်း ဖခင်ဖြစ်သူကို ပြုံးပြကျီစယ်နေရှာတယ်။

ဆရာမဒေါက်တာဒေါ်ဝင်းဝင်းမြင့်နဲ့ ဆုံတွေ့ချိန်မှာ ကလေးကို လိုအပ်သလို စမ်းသပ်ကြည့်ရှု ပြီးတာနဲ့-  “ အဖေ ဆေးလိပ်သောက်သလား”လို့ မေး ခဲ့ပါတယ်။

ကိုထွန်းနိုင်က “ ဟုတ်ကဲ့ သောက်ပါတယ်”လို့ ပြန်ဖြေလိုက်တော့ ဆရာမက-

“ အဖေ ဆေးလိပ်သောက်လို့ ကလေး အရွယ်အစား သေးရတာပါ။ ဆေးလိပ်ငွေ့ရှူနေရတဲ့ ကလေးတွေဆိုရင် ကလေးက ကောင်းကောင်းမဖွံ့ဖြိုးဘူး၊ ဆေးလိပ်အငွေ့ရှူရတဲ့အတွက် ကလေးတွေက အဆုတ်မကောင်းဘူး၊ အဲဒီတော့ ကလေးက ဝိတ်မတက်ဘူး၊ ဒါ့အပြင် အဆုတ်မကောင်းတော့ လေထုထဲကနေ တီဘီပိုးရှူရှိုက်မိတာနဲ့ ကလေးက တီဘီရောဂါ ရလွယ်ပါတယ်၊ ဒါကြောင့် အဖေ ဆေးလိပ်ဖြတ်ဖို့ လိုပါလိမ့်မယ်”

“ ကျွန်တော် ကလေးရှေ့မှာ ဆေးလိပ်မသောက်ပါဘူး ဆရာမ” တစ်သက်လုံး သောက်လာတဲ့ ဆေးလိပ်ကို မဖြတ်ပစ်ရက်တဲ့ ကိုထွန်းနိုင် အတွန့်တက်လိုက်မိတယ်။

“ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆေးလိပ်ငွေ့နဲ့ ဆေးလိပ်နံ့တွေက အင်္ကျီတွေ၊ နံရံတွေနဲ့ ကားထဲတွေမှာ စွဲနေတတ်ပါတယ်။ အဲဒီလေထုက ကလေးအတွက် Third Hand Smoke  အနေနဲ့ ထိခိုက်စေတာ ပါပဲ”

သူ့ကိုပြုံးပြနေရှာတဲ့ သမီးလေးရဲ့ ပါးနုနုလေးကို ပွတ်သပ်ရင်း မိခင်ဖြစ်သူကို ကိုထွန်းနိုင် လှမ်းပြောလိုက်တော့တယ်။

“ မေမေ ကျွန်တော် ဆေးလိပ်ဖြတ်တော့မယ်”

မိခင်ဖြစ်သူ မေးထားတဲ့ မေးခွန်းရဲ့ အဖြေဟုတ်သလား၊ မဟုတ်ဘူးလား ကိုထွန်းနိုင်မဆန်း စစ်တော့ဘဲ ဆေးလိပ်ဖြတ်ဖို့ ယတိပြတ် ဆုံးဖြတ် ချက်ချလိုက်ပါတော့တယ်။

_ _ _ _ _

“ ကျွန်တော် ဆေးလိပ်ဖြတ်မယ်ဆိုလို့ ကျွန်တော့်သူငယ်ချင်း နိုင်ငံခြားကနေ Nicotine Patch  လေးဝယ်လာပါတယ် ဆရာမ။ ကျွန်တော် ဒါလေး ကပ်လိုက်တော့ ရုတ်တရက်မှာ အစာတွေ ကောင်းကောင်း စားလို့ မဝင်လို့ပါ၊ ပြီးတော့ ဆေးလိပ်သောက်ချင်စိတ်ကလည်း မကြာခဏ ဖြစ်နေတယ် ဘာလုပ်သင့်ပါသလဲ ”

မီးမီးလေးကို ပြရင် ကိုထွန်းနိုင်လည်း ဆရာမနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

“ အာဟာရပြည့်ဝတဲ့ အစားအသောက်ကိုတော့ နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ဆေးလိပ် သောက်ချင်စိတ်ပျောက်အောင် ပန်းသီး၊ သစ်တော်သီးလို အသီးလေးတွေ စားပါ၊ သစ်သီးဖျော်ရည်တွေ သောက်ပါ၊ ပါးစပ်က ဆေးလိပ်သောက်တဲ့ အကျင့်ရှိနေတဲ့အတွက် အဲဒီအကျင့် ပျောက်အောင် နေကြာစေ့ စားပေးပါ။ ပြီးတော့ ပူရှိန်းအလုံးလေးတွေ ဝါးပေးပါ၊ ပီကေဝါးပေးပါ၊ ဒါပေမဲ့ ကွမ်းမစားရပါဘူး။ ကွမ်းစားလိုက်ရင် ဆေးလိပ်ပြတ်သွားခဲ့ရင်တောင် ကွမ်းစွဲသွားတတ်လို့ပါ”

ဆရာမရဲ့ ညွှန်ကြားချက်အတိုင်း သမီးလေး ကျန်းမာဖွံ့ဖြိုးဖို့ဆိုပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားလိုက်တဲ့အခါ လပိုင်းအတွင်းမှာပဲ ကိုထွန်းနိုင်ဟာ ဆေးလိပ်ကို ယတိပြတ်ဖြတ်နိုင်ခဲ့ပါတော့တယ်။

_ _ _ _ _ _

“ ကလေး ဝိတ်မတက်တဲ့အတွက် ဆရာမဆီလာပြကြတယ်၊ ဆရာမလည်း ကလေးဘာကြောင့် ဝိတ်မတက်ရတာလဲဆိုတာကို အကြောင်းရင်းရှာရင်း အဖေဆေးလိပ်သောက်သလားလို့ မေးလိုက်ရင် သောက်နေတာများတယ်။ ဟုတ်ပါတယ်။ အဖေ ဆေးလိပ်သောက်လို့ ကလေးသေးရတာလို့ ရှင်းပြလိုက်ရင် အဖေတွေက ခဏလေးနဲ့ ဆေးလိပ်ပြတ်သွားပါတယ်။ ကလေးမွေးလာတော့ သူတို့ကလေးလေးကို ထိခိုက်မှာစိုးတဲ့ စိတ်ကြောင့် ဆေးလိပ်ဘယ်လောက်စွဲနေပါစေ၊ ဆေးလိပ်ပြတ်သွားကြပါတယ်။ အသက်ကြီးတဲ့ လူကြီးတွေက ဆေးလိပ်ဖြတ်ရခက်ပေမယ့် လူငယ်လူလတ်ပိုင်းတွေက ဆေးလိပ်ဖြတ်ရမြန်ပါတယ်။ အသက်အပိုင်းအခြားနဲ့ ပြောရရင် အသက် ၅၀ လောက်အရွယ်တွေက ဆေးလိပ်ဖြတ်ပြီးလည်း ပြန်သောက်တတ်ပေမယ့်လူငယ် တွေကတော့ သူတို့ကလေးအတွက် သူတို့စိတ်ကို ရအောင်ဖြတ်နိုင်ပါတယ်” လို့ ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုပါတယ်။

ကလေးရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် ဆေးလိပ်မီးခိုးတွေက မသင့်တော်ဘူးလို့ ပြောပြလိုက်ရင် ဖခင်တွေက ချက်ချင်း ဆေးလိပ်ဖြတ်ကြကြောင်း၊ သားသမီးလေးတွေ မွေးလာတော့ တစ်ဆင့်ခံဆေး လိပ်ငွေ့ (Passive Smoke) ဝင်မှာစိုးတဲ့အတွက် သူတို့စိတ်ကို ပိုင်းဖြတ်ပြီး ဆေးလိပ်ဖြတ်လေ့ရှိကြကြောင်း၊ အဲဒီအတွက် ဆေးလိပ်ပြတ်တာ မြန်ပြီး သေးနေတဲ့ ရင်သွေးတွေအတွက် ဆေးလိပ်ဖြတ်နိုင် သူလေးဦးရှိပြီဖြစ်တယ်လို့ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

“ အဖေ ဆေးလိပ်ဖြတ်လိုက်တာရယ်၊ ကလေးကို အာဟာရပြည့်အောင် ဂရုစိုက်ကျွေးလိုက်တာတွေ လုပ်ပေးလိုက်ရင် ကလေးက ဝိတ်ပြန်တက်လာပါတယ်}}

_ _ _ _ _ _

အခုတော့ဖြင့် ကိုထွန်းနိုင်ဟာ-

“ ဆေးလိပ်ထဲမှာ နီကိုတင်းဓာတ် ပါဝင်တဲ့အတွက် နီကိုတင်းရဲ့ သဘောသဘာဝက ဆေးလိပ်ဖြတ်လိုက်ရင် အစားစားချင်စိတ် ပြန်ပေါ်လာတတ်ပါတယ်။ အဲဒီတော့ အစားအသောက် ပိုစားမိတယ်ဆိုရင် ကိုယ်အလေးချိန်ကို ပြန်ထိန်းတဲ့အနေနဲ့ လမ်းလျှောက်ပေးရပါမယ်။ အဓိက လမ်းလျှောက်တာနဲ့ ထိန်းပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်” ဆိုတဲ့ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ရဲ့ ညွှန်ကြားချက်အတိုင်း ညနေဘက်မှာ သမီးလေးကိုချီပြီး လမ်းလျှောက်လေ့ရှိပါတယ်။

အဲဒီလို အိမ်ပြင်ထွက် လမ်းလျှောက်တိုင်း     “ ဟယ် . . သမီးလေးက ချစ်စရာလေးနော်၊ ရွှင်လန်းနေတာပဲ၊ အပြုံးကလည်း ချိုလိုက်တာ”လို့ လူတွေက ပြောကြတဲ့အခါ ကိုထွန်းနိုင်တစ်ယောက် ကျေနပ်ပျော်ရွှင် ပီတိဖြစ်နေမိပါတော့တယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top