Healthy Life Ad
Health Tips

အိမ်မှာနေရင်း လှပစေမည့် အိမ်တွင်းကုထုံးများ

မိုးတွင်းကာလ အပြင်သိပ်မထွက်လိုသူတွေအတွက် အိမ်မှာနေရင်း လှပအောင် ပြုပြင်ထိန်းသိမ်းနိုင်မယ့် သဘာဝနည်းတွေကို အကြံပြုလိုက်ပါတယ်။


– ဝက်ခြံအတွက် ပျားရည်
ဝက်ခြံဖုတွေပေါ် ပျားရည်စက်လေးတွေ တို့ပြီး လိမ်းပေးပါ။ ခြောက်သွားမှ မျက်နှာသစ်လိုက်ပါ။

– အကြောပြတ်ရာအတွက် သံပရိုသီး
သံပရိုသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး အကြောပြတ်ရာပေါ်မှာ ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်လောက်ကြာမှ ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။


– ချိုင်းမည်းခြင်းအတွက် ရှလကာရည်
ချိုင်း(ဂျိုင်း)မည်းတာ ပျောက်စေဖို့ ရှလကာရည်က အသုံးဝင်ပါတယ်။ ရှလကာရည်နဲ့ ရေဆတူ ရောမွှေပြီး ချိုင်း(ဂျိုင်း)နေရာမှာ ဝါဂွမ်းစလေးနဲ့ ငါး မိနစ်-၁၀မိနစ်လောက် သုတ်လိမ်းပေးပါ။ အတန်ကြာမှ ရေနဲ့ဆေးပါ ဒါမှမဟုတ် ရေချိုးလိုက်ပါ။


– အသားဖြူစေမည့် ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ကို သံပရိုသီးအရည် ထမင်းစားဇွန်း တစ်ဇွန်း၊ အုန်းဆီ အနည်းငယ်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာမှာလိမ်းပြီး ကြက်သီးနွေးရေနဲ့ သန့်စင်ပေးရမှာ ဖြစ်ပါတယ်။


– အရေပြားအဆိပ်ပြေစေမည့် လက်ဖက်အိတ်
လက်ဖက်စိမ်းလက်ဖက်အိတ် (Green Tea Bag)ြေခာက်အိတ်-ရှစ်အိတ်လောက်ကို ရေချိုးကန်ထဲထည့်ပြီး ရေစိမ်ချိုးလိုက်ပါ။ သင့်အရေပြား အဆိပ်အတောက်တွေပြေစေပြီး အသားအရေကို ပြန်လည်အားဖြည့်ပေးပါတယ်၊ ဒါ့အပြင် စိတ်ရောကိုယ်ပါ တည်ငြိမ်စေပါတယ်။

– မျက်ကွင်းညိုခြင်းအတွက် ပူဒီနာ(ပူစီနံ)ရွက်
မျက်ကွင်းညိုတာ ကင်းစင်စေဖို့ ပူဒီနာ(ပူစီနံ) ရွက်ကို ရေစင်အောင်ဆေးပြီး မျက်ဝန်းတွေပေါ်အုပ်ပေးပါ။ ပူစီနံရွက်က မျက်ဝန်းကို အေးမြစေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အတွက် မျက်ကွင်းညိုတာ ပျောက်ကင်းစေပါတယ်။


– ဆံပင်သန်စွမ်းစေမည့် လက်ဖက်စိမ်း
လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) မှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဆံပင်သန်စေပါတယ်။ အသုံးပြုရမယ့်နည်းက လက်ဖက်စိမ်းတစ်ခွက်ကို နှပ်ပြီး ဝါဂွမ်းစနဲ့ နှစ်ကာ ဦးရေပြားပေါ် သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။


– ဆားဝက်ခြံအတွက် ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအနှစ်နဲ့ ပျားရည်ကို ရောမွှေပြီး မျက်နှာပေါင်းတင်ပေးပါ။


– အသားအရေ ကြည်လင်စေမည့် အုန်းဆီနှင့် သံလွင်ဆီ
အုန်းဆီနဲ့ သံလွင်ဆီ ဆတူရောပြီး မျက်နှာအသားအရေပေါ် နှိပ်နယ်ပေးတာကြောင့်အသားအရေ ကိုကြည်လင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top