Healthy Life Ad
International

ပိုးမွှားပါဝင်မှုကင်းသည့် ဓာတ်ခွဲခန်းထုတ် အသားအစစ်များ ၅ နှစ် အတွင်း ဈေးကွက်တင်နိုင်တော့မည်

၊ မိုးမင်းထွန်း ၊

ဆန်ဖရန်စစ္စကိုအခြေစိုက် စွန့်ဦးတီထွင်သူ မန်းဖစ်မစ်က လူတွေရဲ့အသားနှစ်ခြိုက်မှုကို ဓာတ်ခွဲခန်းထုတ်အသားတွေက စိတ်ကျေနပ်စေမယ်လို့ ယုံကြည်နေပါတယ်။ သူ့ကုမ္ပဏီကပြောရာမှာ အသားထုတ်လုပ်မှုဟာ အစဉ်အလာတိရစ္ဆာန်မွေးမြူရေးနဲ့ နှိုင်းယှဉ်ရင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ၉၀ ရာ ခိုင်နှုန်းလျော့ကျနိုင်ပြီး အသားတွေဟာ အရသာရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။

သူဟာ ဒီလုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားပြီး ဒီအသားတွေနဲ့ ဟော့ဒေါ့၊ အသားချောင်း၊ ဘာဂါနဲ့ အသားလုံးတွေပြုလုပ်ပြီး ငါးနှစ်အတွင်း ဈေးကွက်တင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပုံမှန်အားဖြင့် အမဲသား ၁ ကီလိုရရှိဖို့ တိရစ္ဆာန်အစာ ၂၃ ကယ်လိုရီလိုအပ်ပြီး ဓာတ်ခွဲခန်းထုတ်အသား ၁ ကီလိုအတွက် ၃ကယ်လိုရီသာ လိုအပ်မှာပါ။ ရိုးရာအသားတွေနဲ့နှိုင်းယှဉ်ရင် ဒီအသားတွေမှာ ပဋိဇီဝပစ္စည်းတွေ၊ မစင်အညစ်အကြေး၊ ရောဂါဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေ ကင်းစင်ပြီး အစားကြောင့်ရတဲ့ ဖျားနာမှုတွေ ကင်းစင်နိုင်မှာပါ။

“ဒါဟာ အနာဂတ်ရဲ့အသားပါပဲ။ ကားတွေဟာ မြင်းတွေ၊ ရထားလုံးတွေနေရာမှာ အစားဝင်ခဲ့သလို ဒီအသားထုတ်လုပ်မှုဟာ အစားဝင်နိုင်တော့မှာပါ။အသားစားဖို့ တိရစ္ဆာန်မွေးမြူတယ်ဆိုတာဟာ နောက်ပိုင်းမှာ မတွေးကောင်းတဲ့ အရာဖြစ်လာမှာပါ”လို့ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်က ပြောဆိုပါတယ်။

အသားထုတ်လုပ်ဖို့အတွက် ဝက်တွေ၊ နွားတွေ၊ ကြက်တွေဆီက ပြန်ထုတ်လုပ်နိုင်စွမ်း မြင့်မားတဲ့ဆဲလ်တွေကို သီးခြားဖယ်ထုတ်ထားပြီး အောက်ဆီဂျင်၊ သကြားနဲ့ တခြားအာဟာရရှိတဲ့ပစ္စည်းတွေ ပေါင်းစပ်ကာ ဇီဝဓာတ်ပေါင်းကန်တွေမှာ ပေါင်းထားမြှာဖစ်ပြီး ၉ ရက်နဲ့ ၁၂ရက်အတွင်း အသုံးပြုနိုင်မယ့်အသားကို ရရှိမှာဖြစ်ပါတယ်။ ထုတ်လုပ်မှုအတွင်း ဆဲလ်ကြီးထွားမှုအတွက် တိရစ္ဆာန်သားလောင်းတွေရဲ့သွေးရည်ကြည်ကို ပေါင်းစပ်ရမှာဖြစ်ပါတယ်။ ဒါဟာ သက်သတ်လွတ်စားသူတွေအတွက် မသင့်တော်ပေမယ့် ထုတ်လုပ်သူတွေက ဒီသွေးရည်ကြည်အစား အပင်ကရတဲ့ပစ္စည်းတစ်ခုခုနဲ့ ပေါင်းစပ်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။

ဒီထုတ်လုပ်မှုဟာ လောလောဆယ်မှာ အသား ၁ပေါင်ရရှိဖို့ ဒေါ်လာ ၁၈၀ဝ၀ ကုန်ကျနေပြီး ပုံမှန် အသား ၁ ပေါင် တန်ဖိုး ၄ ဒေါ်လာနဲ့နှိုင်းယှဉ်ရင်စရိတ် မြင့်မားလွန်းနေပါတယ်။ ထုတ်လုပ်သူတွေကတော့ ၁၁ ဒေါ်လာအထိ လျော့ကျနိုင်မယ်လို့ ယုံကြည်ထားပြီး ၅ နှစ်အတွင်း ဈေးကွက်တင်နိုင်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။
(Def;MNews)

Most Popular

Healthy Life Ad
To Top