Healthy Life Ad
Health Tips

စားပြီးခါစ ဗိုက်ဆာနေရသည့် အကြောင်းရင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုလေးတင် ထမင်းစားပြီးပေမယ့် အခုပဲ ဗိုက်ပြန်ဆာတာမျိုး ဖြစ်နေပါသလား။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကြောင့် စားပြီးရင်းစားမိရာက တဖြည်းဖြည်း ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။

– မနက်စာ ပြည့်ပြည့်ဝ၀ မစားထားခြင်း

နံနက်စာကို ကယ်လိုရီ ၅၀ဝ လောက်ရတဲ့အထိ ပြည့်ပြည့်ဝ၀ စားလေ့ရှိသူတွေက စားလေ့မရှိသူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေနည်းပါတယ်။ နံနက်စာကို ကယ်လိုရီနည်းနည်းပဲစားရင် သွေးတွင်းသကြားဓာတ်မြင့်တက်ကာ အစာစားချင်စိတ် ပြန်ဖြစ်လာတတ်ပါတယ်။နံနက်စာကို ပရိုတင်းပါဝင်မှုများတဲ့ အစာစားပေးရင် တစ်နေ့လုံး အစာစားချင်စိတ်ပြင်းပြမှု မရှိအောင် ကာကွယ်နိုင်ပါတယ်။

– ပြုပြင်ထားသည့် အစာ၊ စည်သွပ်ဘူးထဲက အစာစားခြင်း

စည်သွပ်ဘူးထဲကအစာနဲ့ ပြုပြင်ထားတဲ့ အစာထဲမှာပါတဲ့ ဓာတုပစ္စည်း BPAပါဝင်တာကြောင့် ရုတ်တရက် စားချင်စိတ် ဖြစ်ပေါ်ကာ အဝလွန်နိုင်ခြေ ရှိပါတယ်။

– ဆော်ဒါအချိုရည်နှင့် အခြား သကြားကဲသည့် ဖျော်ရည်များသောက်ခြင်း

ဆော်ဒါအချိုရည်နဲ့ တခြားသကြားထည့်ထား တဲ့ဖျော်ရည်တွေသောက်တာကြောင့် သွေးစီးဆင်းမှုကို နှေးစေပြီး ဦးနှောက်ရဲ့ဆာလောင်မှု ထိန်းချုပ်နိုင် စွမ်းကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အစာစားချင်စိတ်ကို ဆင်ခြင်သုံးသပ်တဲ့ ဦးနှောက်စွမ်းရည်ကိုလည်း လျော့ကျသွားစေပါတယ်။

– ရေနွေးကြမ်း မသောက်ခြင်း

ရေနွေးကြမ်းသောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ထမင်းစားပြီးချိန်မှာ ရေနွေးကြမ်း သောက်လိုက်ပါ။ ရေနွေးကြမ်းမှာပါတဲ့ ဓာတ်တစ်မျိုးကြောင့် အစာစားပြီးရင်း ဆာလောင်ကာ ထပ်စားချင်နေတဲ့ စိတ်ကို လျော့ကျသွားစေပါတယ်။

– ရေအလုံအလောက် မသောက်ခြင်း

ရေများများသောက်လိုက်ရင် ဗိုက်ဆာတာကို ဟန့်တားပေးနိုင်ပါတယ်။ ရေဆာရင် ဗိုက်ဆာတယ်လို့ အထင်မှားသွားတတ်ပါတယ်။ စားပြီး စားချင်နေတယ်ထင်ရင် အစာမစားခင် ရေတစ်ဖန်ခွက်သောက်လိုက်ပါ၊ ပြီးရင် အချိန် ၁၀ မိနစ်စောင့်ပါ။ တကယ်စားချင်စိတ် ဖြစ်ပေါ်လာမှ စားပါ။

– ဟင်းသီးဟင်းရွက် မစားဘဲ နေခြင်း

ဟင်းသီးဟင်းရွက်တွေမှာ ကယ်လိုရီ ပါဝင်မှုနည်းပေမယ့် စားလိုက်ရင် ကြာကြာဗိုက်ပြည့်သွားစေပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ဗီတာမင်ကေ ပါဝင်တဲ့အတွက် သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပြီး ဆာလောင်မှု မဖြစ်အောင် ထိန်းချုပ်ပေးပါတယ်။

– ပျင်းရိငြီးငွေ့ခြင်း

ပျင်းရိငြီးငွေ့ရင်လည်း အစာကို အလွန်အကျွံ စားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စားပြီးရင်း စားချင်နေရင် စာအုပ်ဖတ်ပါ ဒါမှမဟုတ် အလုပ်တစ်ခုခုကို လုပ်နေလိုက်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top