Healthy Life Ad
Life Style

တေလာဆွစ်ဖ် လှပကြည့်ကောင်းရခြင်း အကြောင်းရင်း ၁၀

၊ လရိပ်မေ ၊ (Ref;HD)

ကမ္ဘာ့အကျော်ကြားဆုံး လူငယ်အနုပညာရှင်တစ်ဦးဖြစ်လာတဲ့ တေလာဆွစ်ဖ်ရဲ့ လှပကြည့်ကောင်းနေရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆံပင်ပုံစံ
“ကျွန်မဆံပင်က ပင်ကိုလှိုင်းတွန့်ရှိတဲ့ အကောက်ပါ။ အဲဒီဆံပင်ကို ဒီအတိုင်းထားလိုက်တာ များပါတယ်”လို့ တစ်ချိန်က တေလာက ပြောခဲ့ပေမယ့် အခုအခါ ဆံပင်တို ကုပ်ဝဲအဖြောင့်လေးနဲ့ တစ်မျိုးဆန်းသစ်နေပါတယ်။ လှိုင်းလေးတွေနဲ့ ပျော့ပျောင်းတဲ့ ဆံပင်သားဟာ ကုပ်ဝဲအတိုလေးနဲ့ ကြည့်ကောင်းတယ်ဆိုတာ တေလာက ပြလိုက်သလိုပါပဲ။

(၂) အနီရဲရဲ နှုတ်ခမ်းနီ
“ကျွန်မက အနီရဲရဲ နှုတ်ခမ်းနီကို သဘောကျပါတယ်။ မိတ်ကပ်လိမ်းရမှာပျင်းရင်တောင် နှုတ်ခမ်းနီရဲရဲကို ဆိုးဖြစ်ပါတယ်။ ဒါက ကျွန်မအလှပြင်တဲ့အခါ မပါမဖြစ်ပါ”လို့ တေလာက ဆိုပါတယ်။

(၃) ညလိမ်းခရင်မ်
ညလမ်းခရင်မ်ကို အိပ်ရာမဝင်ခင် လိမ်းလေ့ရှိတဲ့ တေလာဟာ မနက်ခင်းမှာလည်း မိတ်ကပ်မလိမ်းခင်ဆိုရင် ညလိမ်းခရင်မ် လိမ်းလေ့ရှိတယ်လို့ ဆိုပါတယ်။

 class=

(၄) နှုတ်ခမ်းနီကို အထပ်ထပ်ဆိုးခြင်း
နှုတ်ခမ်းနီ တစ်ထပ်ဆိုးလိုက်၊ တစ်သျှူးနဲ့ ဖိလိုက်၊ နောက်တစ်ထပ်ဆိုးလိုက်၊ တစ်သျှူးနဲ့ ဖိလိုက် လုပ်ပါတယ်။ ဒါက နှုတ်ခမ်းနီကို တစ်နေ့တာ ကြာကြာမြဲနေစေတဲ့ နည်းပါ။

(၅) ကြောင်မျက်လုံး
တေလာဟာ သူရဲ့စူးရှတဲ့ မျက်ဝန်းတွေကို ကြောင်မလေးအသွင်မျိုးဖြစ်အောင် ပြုပြင်တတ်သူပါ။ အဲဒါကတော့ မျက်ဝန်းကို အိုင်းလိုင်နာဆိုးတဲ့အခါ အပေါ်မျက်ခွံထောင့်စွန်းကို ခပ်ချွန်ချွန် ဆွဲလိုက်တာပါပဲ။

(၆) လက်ချောင်းများ
မိတ်ကပ်လိမ်းတဲ့အခါ ဘရပ်ရှ်နဲ့မှ အဆင်ပြေမယ်ဆိုတာ မဟုတ်ပါဘူးလို့ တေလာကဆိုပါတယ်။ လက်တွေကို သန့်စင်အောင်ဆေးပြီး ဖောင်ဒေးရှင်းမိတ်ကပ်ကို လက်ချောင်းတွေနဲ့ပဲ ဆွဲလေ့ရှိတယ်၊ ဒါက ပိုညီညာမှုရှိတယ် လို့ သူကဆိုပါတယ်။

 class=

(၇) ငွေရောင် အိုင်းရှဲဒိုး
မျက်ဝန်းပြာလေးတွေဟာ ငွေရောင် အိုင်းရှဲဒိုး နဲ့ အလွန်ပနံရပါတယ်။ အခုနောက်ပိုင်း ပန်းရောင် ဖျော့ နှုတ်ခမ်းနီ၊ ငွေရောင် အိုင်းရှဲဒိုးခြယ်ထားတဲ့ တေလာဟာ ဆွဲဆောင်မှုရှိရှိ လှပတဲ့ မိန်းကလေး အသွင် ဖြစ်လာပါတယ်။

(၈) အပြုံး
တေလာဆွဖ်လို့ ပြောလိုက်ရင် ချစ်စဖွယ်အပြုံးနုလေးနဲ့ မိန်းကလေးအဖြစ် မြင်ယောင်မိကြမှာပါ။
“ကျွန်မ ပြုံးလိုက်တိုင်း မျက်ဝန်းတွေပါ ပြုံးသွားတာမျိုးကို လူတွေက သဘောကျပါတယ်။ ဒါက ကျွန်မရဲ့ ပင်ကိုအပြုံးပါ”လို့ တေလာက ဆိုပါတယ်။

(၉) ရေမွှေး
လူတိုင်း ကိုယ်ကြိုက်တဲ့ ရေမွှေးနံ့ဆိုတာ ရှိပါတယ်။ အဲဒီရေမွှေးနံ့လေးရရင် သူ့အမှတ်အသား ဆိုတာမျိုး ဖြစ်အောင် တေလာကလည်း ဆွတ်လေ့ရှိသူပါ။ “ကျွန်မက ဗနီလာနံ့ ကြိုက်ပါတယ်။ အဲဒီအနံ့က နွေးထွေးစေပါတယ်။ နောက်ထပ် အနံ့သစ်ရွေးရမယ်ဆို ရင်တော့ ဘယ်ရီသီးအနံ့ကို ကျွန်မကြိုက်ပါတယ်”

(၁၀) မေမေ့အကြံပြုချက်
“ကျွန်မ ဘယ်လိုပြင်ရင်၊ ဘယ်လိုဝတ်ရင်လှတယ်ဆိုတာ မေမေ အသိဆုံးပါ။ မေမေက အဲဒါကို အမြဲအကြံပေး လေ့ရှိသလို ကျွန်မကလည်း လက်ခံပါတယ်”လို့ တေလာဆွစ်ဖ်က ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top