Healthy Life Ad
Life Style

ဓာတုပစ္စည်းနှင့် ဓာတ်မတည့်ခြင်း

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီး။

မေး. ဓာတုပစ္စည်းနဲ့ဓာတ်မတည့်တဲ့အကြောင်းကို သိပါရစေဆရာမ။

ဖြေ. ကိုယ်ခံစွမ်းအားစနစ်က ဓာတုပစ္စည်းတွေကို သာမန်ထက်ပိုပြင်းထန်စွာ တုန့်ပြန်တာဖြစ်ပါတယ်။ သန့်စင်ပစ္စည်း၊ ဆံပင်ဆိုးဆေး၊ နေ့စဉ်သုံးနေရတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေက ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ အမွှေးနံ့ပါတဲ့ ပစ္စည်းတွေ၊ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ ကိုယ်လိမ်းခရင်မ်၊ အလှပြင်ပစ္စည်း၊ တစ်သျှူး စတာတွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဆိုးဆေးနဲ့ အရောင်ပါတဲ့ပစ္စည်းတွေ၊ အဆီတွေ၊ ဆံပင်ဆိုးဆေးနဲ့ ဆံပင် သုံးပစ္စည်းတွေ၊ လက်သည်းသုံး အလှပြင်ပစ္စည်းတွေ၊ နေရောင်ကာခရင်မ်၊ နှုတ်ခမ်းနီ၊ အဆီ၊ အရေပြားသုံး ပစ္စည်းတွေ စတာတွေက ဓာတ်မတည့်မှု ဖြစ်တတ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကော်ဇော၊ ပေါလစ်၊ ပရိဘောဂ၊ သစ်သား ပြင်ဆင်တဲ့ဆေး စတဲ့ဓာတုပစ္စည်းတွေက လေထဲကလည်း လာတတ်ပါတယ်။

မေး. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လိုလူတွေက ပိုဆိုးတတ်ပါသလဲ ဆရာမ။

ဖြေ. ပန်းနာရင်ကျပ်ရောဂါရှိသူနဲ့ တုန့်ပြန်လွယ်တဲ့ အရေပြားရှိသူတွေက ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ဓာတုပစ္စည်းနဲ့မတည့်တဲ့အတွက် ရေမွှေးကြောင့် ခေါင်းကိုက်တာနဲ့ အန်တာတို့တောင် ဖြစ်တတ်ပါတယ်။

မေး. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲဆရာမ။

ဖြေ. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေကတော့ အရေပြားမှာ စဖြစ်တတ် ပါတယ်။ ဓာတ်မတည့်မှုဖြစ်ပြီး ၂၄-၄၈ နာရီလောက်မှာ ဖြစ်တတ်ပါတယ်။ တစ်ပတ်ကျော်မှလည်း ဖြစ်တတ်သေးပါတယ်။ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် အရေပြားနီမြန်းတာ၊ အရေပြားရောင်ရမ်းတာ၊ အရည်ကြည်ဖုထွက်တာ၊ အရေပြားအကြေးခွံဖြစ်တာ၊ ပူတာနဲ့ ယားတာတို့ ဖြစ်တတ်ပါတယ်။ မျက်လုံးရောင် တာ၊ မျက်နှာ ထိတွေ့ရင် ဓာတ်မတည့်မှုဖြစ်တာ၊ ကိုယ်ရောင်တာ၊ အင်ပျဉ်ထွက်တာ၊ နေရောင်ခြည်ဒဏ် မခံနိုင်တာ၊ အရေပြားမည်းတာ၊ အရေပြားထူအမ်းတာ၊ အရေပြားကွဲအက်တာနဲ့ အရေပြားခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။

မေး. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လိုသိနိုင်ပါသလဲ ဆရာမ။

ဖြေ. ထိတဲ့ အရေပြားနေရာက အဆိုးဆုံးဖြစ်ပြီး မျက်နှာနဲ့ လည်ပင်းအရေပြားဆိုရင် သိသာပါတယ်။ အရေပြား ဓာတ်မတည့်တဲ့အရာနဲ ့ထိတွေ့စမ်းသပ်ပြီး သိရှိနိုင်ပါတယ်။ အဲဒီအခါ ဓာတုပစ္စည်းပါတဲ့ အရာတစ်ခုကို အရင်သုံးဖူးလား၊ ဘယ်တုန်းက စသုံးသလဲ၊ ဘယ်လောက်များများ သုံးထားသလဲ၊ ဘယ်နေရာ စထိသလဲနဲ့ အရင်က ဖြစ်ဖူးသလား စတာတွေကို မေးမြန်းသင့်ပါတယ်။

တကယ်လို့ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တာကို မသိဘဲဆက်သုံးနေရင် အသက်ရှူကျပ်တာ၊ ချောင်းဆိုးတာ၊ နုံးတာ၊ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ မှတ်ဉာဏ်မကောင်းတာ၊ လည်ပင်းနာတာ၊ နှာရည် ကျတာ၊ အလင်း၊ အပူနဲ့ နေဒဏ်မခံနိုင်တာ၊ အိပ်မပျော်တာ၊ အစာမကြေတဲ့ ဝေဒနာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်နာတာ၊ ဝမ်းလျှောတာနဲ့ အပူလောင်သလို ခံစားရတာတွေ ဖြစ်တတ်ပါတယ် …

မေး. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တဲ့အခါ ဘယ်လိုကုသသင့်ပါသလဲ ဆရာမ။

ဖြေ. ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တဲ့အခါ ကုသသင့်တဲ့ နည်းလမ်းတွေကတော့-

လက်ကို သေသေချာချာဆေးပါ။ တခြားနေရာကို မထိပါနဲ့။ လက်သည်းဆိုးထားရင် မခြောက်ခင် တခြားနေရာကို မထိရပါဘူး။

အရေပြားက ယားရုံဆိုရင် အယားပျောက်ဆေး သောက်ရပါမယ်၊ အရောင်ကျဆေး သုံးနိုင်ပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေမွှေး၊ ခြင်ဖျန်းဆေး၊ ပိုးသတ်ဆေး စတာတွေမှာပါတဲ့ ဓာတုပစ္စည်းများစွာနဲ့ မတည့် တာဖြစ်တတ်ပါတယ်။ ဓာတုပစ္စည်းတချို့က လေလွင့်ရှူမိတာ၊ မီးခိုးနဲ့ပါလာတာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်နဲ့မတည့်တဲ့ ဓာတုပစ္စည်းကိုရှောင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ရှောင်ရင် ပျောက်သွားတတ်ပါတယ်။ နုံးတာ၊ ဦးနှောက် အမြှေးရောင်တာ၊ မျက်စိပူစပ်ပူလောင်ဖြစ်တာနဲ့ မျက်စိကျိန်းစပ်တာတွေ ဖြစ်တတ်ပါတယ်။

တကယ်လို့ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တာကို မသိဘဲဆက်သုံးနေရင် အသက်ရှူကျပ်တာ၊ ချောင်းဆိုးတာ၊ နုံးတာ၊ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ မှတ်ဉာဏ်မကောင်းတာ၊ လည်ပင်းနာတာ၊ နှာရည် ကျတာ၊ အလင်း၊ အပူနဲ့ နေဒဏ်မခံနိုင်တာ၊ အိပ်မပျော်တာ၊ အစာမကြေတဲ့ ဝေဒနာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်နာတာ၊ ဝမ်းလျှောတာနဲ့ အပူလောင်သလို ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

ခေါင်းလျှော်ရည်၊ ကိုယ်သုံးပစ္စည်းတွေ၊ ဆံပင်ပျော့ဆေး၊ ဆံပင်ဆိုးဆေး၊ ဆပ်ပြာ၊ သန့်စင်ပစ္စည်း၊ လက်ဆေး ဆပ်ပြာ၊ အမြှုပ်ထွက်တဲ့ ဆပ်ပြာရည်၊ ရှမ်ပူတွေကို တစ်ကိုယ်လုံး ဆယ်မိနစ်လောက်ထိရုံနဲ့ဓာတ် မတည့်မှု ဖြစ်ရင် ရှောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top