Healthy Life Ad
Q & A

ခါးနောက်ကျောတစ်လျှောက် နာနေတယ် . . .

မေး။ ။ အခုနောက်ကျောမှာ အကြောကြီးနှစ်ခုမှာ ညာဘက်ကအကြော . . ခါးအဆက်မှာအဖုလေး ၂ခုက ညာဘက်က ကျောရိုးအဆုံပေါ့။ ခြေတောက်ကလာတဲ့ အရိုးနဲ့ဆုံတဲ့နေရာ . . အဲဒီအရိုးအဖုနဲ့ ခါးကျောရိုးကြားက နာနေပါတယ်။ အဲဒီနေရာကနာတာများလာရင် တင်ပဆုံကြောကနေအောက်က ပေါင်ကြော တောက်လျှောက်ကိုက်ခဲနေပါတယ်။ ဖြစ်တာက ခြေထောက်တောင်တစ်ချောင်းလုံး မဟုတ်ဘူး။ တစ်ခြမ်းထဲတောက်လျှောက်ဖြစ်တာပေါ့ဗျာ။ မနေနိုင်၊ မထိုင်နိုင်တော့ မဟုတ်ပါဘူး။ လှုပ်လှုပ်ရှားရှားအလုပ်တော့ လုပ်နိုင်ပါတယ်။ အလုပ်လုပ်ရတာအား မရဘူးပေါ့ဗျာ။ ဖြစ်တာကကြာပြီ၊ ၃-နှစ်ကျော်ပြီ။ ဆေးခန်းပြ၊ ဓာတ်မှန်ရိုက်လည်း ဘာမမဖြစ်ဘူးလို့ပဲ ပြောတာ။ ဒါပေမဲ့ နေရထိုင်ရတော့ မသက်သာလို့ပါ။ ဘာလုပ်သင့်ပါသလဲ။

နိုင်လင်း(FB)

ဖြေ။ ။ ဒါက ခါးရိုးကျီးပေါင်းကနေ အာရုံကြောကို ဖိတာကြောင့်ဖြစ်နိုင်သလို လူငယ်တွေမှာဆိုရင် Prolapsed Intervertebral Disc အရိုးနုက တစ်ဖက်ကိုချော်ထွက်ပြီး အာရုံကြောကို သွားဖိတာ ဖြစ်နိုင်ပါတယ်။ အရင်က ချော်လဲဖူးလား၊ ဒဏ်ဖြစ်ဖူးလား၊ အနာ တရ ဖြစ်ဖူးလားဆိုတာ သိဖို့လိုပါတယ်။ နာတာသိပ် မဆိုးဘူးဆိုရင်တော့ ကျန်းမာရေး ခါးပတ်ပြားကို ပတ်ပြီး ခပ်မတ်မတ်နေဖို့လိုပါတယ်။ အဲဒီလိုနေရင် သက်သာသွားပါလိမ့်မယ်။ ပိုဆိုးလာရင် အရိုး၊ အကြောခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တချို့လူနာတွေမှာ ပေါင်တန်းပြီး ထောက်လို့ မရတဲ့ အဆင့်ဆိုရင်တော့ ခွဲစိတ်ကုသရလေ့ရှိပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Most Popular

Healthy Life Ad
To Top