Healthy Life Ad
Child

ပဲနို့ဘူးကို ဖွင့်ပြီး ချက်ချင်းသောက်လျှင် အကောင်းဆုံး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပဲနို့ဘူးကို ဖွင့်ပြီး ချက်ချင်းသောက်ခြင်းသည် ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ပဲနို့က အချဉ်ပေါက်လွယ်ပါတယ်။ ဒါကြောင့် ပဲနို့ကို အခုဖွင့်ပြီး အခုသောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက ပဲနို့ကို ကိုယ်တိုင်လုပ်ကြတယ်။ ပဲကို ရေစိမ်ပြီး ကျိုထားလိုက်တယ်။ အဲဒီလို ကျိုထားရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတဲ့အခါ ၂၄ နာရီခံပါတယ်။ အဲဒီ့ထက်ကြာသွားရင်တော့ အချဉ်ဖောက်သလို (Fermentation) ဖြစ်သွားပါတယ်။ အဲဒီတော့ မကောင်းတော့ပါဘူး။ ပဲနို့ကိုဖွင့်ပြီး ကြာမှသောက်တဲ့အခါ အချဉ်ဖောက်သလို ဖြစ်နေရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

ယခု အဆင်သင့် ဝယ်ယူရရှိနေသည့် ပဲနို့ဘူးများတွင် ကြာရှည်ခံပစ္စည်းများ ထည့်ထားကြောင်း သိရသည်။

“ကြာရှည်ခံပစ္စည်းထည့်ထားပေမယ့် အဲဒီဘူး တွေကလည်း ဖောက်ပြီးရင် အခုဖွင့်၊ အခုသောက်တာ အကောင်းဆုံးပါ။ မသောက်နိုင်ရင် ရေခဲသေတ္တာ ထဲထည့်ထားပြီး ၂၄နာရီအတွင်း ကုန်အောင်သောက် ရပါမယ်။ တချို့ သက်တမ်းကုန်ခါနီး (Expired Date နားနီးနေရင်) ဖြစ်နေရင် ရေခဲသေတ္တာထဲမှာ ရှစ်နာရီလောက်ထားရင်ကို မကောင်းတော့ပါဘူး”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

Most Popular

Healthy Life Ad
To Top