Healthy Life Ad
Health Tips

ခြေသလုံး သွေးကြောထုံးဖြစ်ခြင်းကို ကာကွယ်နိုင်မည့် နေထိုင်နည်းများ

စူး (ဆေးဝါးတက္ကလိုလ် )

(၁) သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်စေရန် ကြိုးစားပါ
ခြေသလုံးအပါအဝင် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှုကောင်းအောင် လုပ်ဆောင်တာကြောင့် သွေးပြန်ကြောထုံးတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လမ်းလျှောက်တာ၊ အိမ်အလုပ်တွေ လုပ်ဆောင်တာ၊ အနားယူချိန်မှာ ခြေထောက်ကို မြှင့်ထားတာစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးရင် ခြေသလုံး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၂) ကိုယ်အလေးချိန် လျှော့ချပါ
ကိုယ်အလေးချိန်များတာကြောင့် ခြေသလုံးဆီ ဖိအားကျရောက်မှု ပိုရှိလာပြီး ခြေသလုံး သွေးပြန်ကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များနေရင် လျှော့ချတာကြောင့် ခြေသလုံးမှာ ဖိအား ရောက်ရှိမှု လျော့ကျစေပါတယ်။

(၃) ခြေအိတ်ဝတ်ပါ
ခြေအိတ်ကို ခဏတာဝတ်ပေးရင် ခြေသလုံးကို ဖျစ်ထားသလိုဖြစ်ကာ သွေးလှည့်ပတ်မှု ကောင်း မွန်စေပါတယ်။

(၄) နှိပ်ပေးပါ
ခြေသလုံးကို ညင်ညင်သာသာ နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး သွေးကြောထုံးတွေကို သက်သာစေပါတယ်.

(၅) ခြေထောက်မြှင့်ပြီး ပက်လက်အိပ်ပါ
ခြေသလုံးအောက်မှာ ဖက်လုံးခံပြီး ပက်လက်လှန်အိပ်တာက ခြေသလုံးဆီ သွေးလှည့်ပတ်မှု ကောင်းစေပြီး ဖိအားကျရောက်မှု လျော့ကျစေပါတယ်။

(၆) အစာထဲ အင်တီအောက်ဆီးဒင့် များများ မှီဝဲပါ
အင်တီအောက်ဆီးဒင့်များများ ထည့်စားတာကြောင့် ခြေသလုံးသွေးပြန်ကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

(၇) လိမ္မော်သီးနှင့် ဂရိတ်ဖရုသီး စားပါ
လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေမှာပါတဲ့ ဘိုင်အိုဖလေးဗနွိုက်ဒြပ်ပေါင်းတွေက ခြေသလုံးသွေးပြန်ကြောနံရံတွေကို သန်စွမ်းစေပါတယ်။

(၈) ခြေသလုံးတင်းရင်းစေမည့် လေ့ကျင့်ခန်းလုပ်ပါ
လမ်းလျှောက်တာတို့လို ခြေသလုံးကြွက်သားတွေကို တင်းရင်းစေမယ့် လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး သွေးကြောထုံးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၉) ရှလကာရည် လိမ်းပါ
ခြေထောက်ပေါ်မှာ ရှလကာရည်စွတ်ထားတဲ့ ပိတ်စတစ်စနဲ့ ပတ်ပေးတာ ဒါမှမဟုတ် ရှလကာရည် သုတ်လိမ်းပေးတာတို့ လုပ်ဆောင်ပေးရင် ခြေသလုံး သွေးပြန်ကြောထုံးတာကို လျော့ပါးသက်သာစေပါတယ်။

(၁၀) ပူစပ်သော ဟင်းခတ်အမွှေးအကြိုင်များ ထည့် စားပါ
သင်စားတဲ့ အစာထဲ ချင်း (ဂျင်း)၊ ကြက်သွန် ဖြူ၊ ငရုတ်သီးစိမ်း စတာတွေ ထည့်စားရင် သွေးပြန်ကြော ထုံးစေတဲ့ ဖိုင်ဘရင်တွေကို ပြိုကွဲလွယ်စေပါတယ်။

ရှောင်ရန်

အရက်အလွန်အကျွံ မသောက်သင့်ပါ
အရက်သောက်တာကြောင့် သွေးကြောတွေကို ကျယ်စေနိုင်ပါတယ်။ အရက် အလွန်အကျွံသောက် တာကြောင့် သွေးပြန်ကြောတွေကို အမြဲ ကျယ်ပြန့် သွားစေပြီး သွေးကြောထုံးစေနိုင်ပါတယ်။

ခြေထောက်ချိတ်မထိုင်သင့်ပါ
အချိန်ကြာကြာ ခြေထောက်ချိတ်ထိုင်တဲ့အခါ ခြေသလုံးမှာ သွေးလှည့်ပတ်စီးဆင်းမှု မကောင်းတော့ဘဲ သွေးပြန်ကြော ထုံးစေနိုင်ပါတယ်။

ဆားလျှော့စားပါ
စားတဲ့ အစားအသောက်ထဲ ဆားအလွန်အမင်း ထည့်စားတာက ခြေထောက်သွေးကြောထုံးစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်သူတွေက ခြေထောက်သွေး ကြောထုံးနိုင်ခြေပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ဒေါက်မြင့်ဖိနပ် မစီးပါနှင့်
ဒေါက်မြင့်ဖိနပ်စီးတာကြောင့် ခြေထောက်ကို ပုံမှန်မဟုတ်တဲ့ အနေအထားဖြစ်စေပြီး သွေးပြန်ကြောတွေပေါ် ဖိအားသက်ရောက်မှု များစေပါတယ်။

နေကာခရင်မ်လိမ်းပါ
နေဒဏ်ခံရရင် ခြေထောက်သွေးပြန်ကြောထုံးတာကို ပိုဆိုးစေတဲ့အတွက် နေပူထဲသွားတဲ့အခါ ခြေထောက်ကို နေကာနိုင်စွမ်းရှိတဲ့ လိုးရှင်းလိမ်းပါ။
Ref; HD

Most Popular

Healthy Life Ad
To Top