Healthy Life Ad
Health Tips

အရိုးကျန်းမာရေးအတွက် မရှိမဖြစ်ကယ်လ်စီယမ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရိုးကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။

နှလုံးနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။
ရင်သားကင်ဆာအန္တရာယ်ကို လျော့ကျစေပြီး တခြားကင်ဆာရောဂါတွေမဖြစ်အောင် တွန်းလှန်ပေးနိုင်ပါတယ်။

ကယ်လ်ဆီယမ်လိုအပ်ချက်

– အမျိုးသမီး
အသက် ၁၅နှစ် – ၅၀နှစ်အထိ တစ်နေ့တာ ကယ်လ်ဆီယမ် ၁၀ဝ၀ မီလီဂရမ် လိုအပ်ပါတယ်။
အသက် ၅၀ နှစ်အထက် တစ်နေ့တာ ကယ်လ်ဆီယမ် ၁၂၀ဝ မီလီဂရမ် လိုအပ်ပါတယ်။

– အမျိုးသား
အသက် ၁၅နှစ် – ၃၀နှစ်အထိ တစ်နေ့တာ ကယ်လ်ဆီယမ် ၁၀ဝ၀ မီလီဂရမ် လိုအပ်ပါတယ်။
အသက် ၃၁ နှစ်အထက် တစ်နေ့တာ ကယ်လ်ဆီယမ် ၁၂၀ဝ မီလီဂရမ် လိုအပ်ပါတယ်။

ကယ်လ်ဆီယမ် ပါဝင်သောအစားအစာ

နွားနို့၊ ငါး၊ ဒိန်ချဉ်၊ ကယ်လ်ဆီယမ်ပါတဲ့ တိုဟူး၊ လိမ္မော်ရည်စတာတွေ ဖြစ်ပါတယ်။ နွားနို့၊ ဒိန်ချဉ်နဲ့ အဆီနည်း ဒိန်ခဲတွေမှာ ကယ်လ်ဆီယမ်အပြင် ပရိုတင်းဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်မှုများပါတယ်။

ကယ်လ်ဆီယမ်ရရှိစေမည့် ရိုးစင်းသောနည်းများ

နံနက်စာအဖြစ် နွားနို့ထဲအားဖြည့်ကွေကာမှုန့်ထည့်ပြီး တစ်ပန်းကန်စားပါ။
နေ့လယ်ခင်းသရေစာအဖြစ် ဒိန်ချဉ်သောက်ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top