Healthy Life Ad
Health Tips

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် သဘာဝ ကုထုံးများ

စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးသွားရင် အောင့်တာ၊ ဆီးကျဉ်တာ၊ ပူ စပ်ပူလောင်ဖြစ်တာ စတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာတွေအတွက် သက်သာစေဖို့ သဘာဝနည်းနဲ့ ကုသပေးသင့်ပါတယ်။

* တစ်နေ့ ရေ ရှစ်ခွက်သောက်ပြီး ဘက်တီးရီးယားပိုးတွေ ထွက်သွားအောင် လုပ်ဆောင်ပေးပါ။

* ခရင်မ်ဘယ်ရီသီးဖျော်ရည် သောက်ရင် ဆီး အိတ်နံရံမှာ ဘက်တီးရီးယားပိုး ကပ်ငြိတာကို ကင်းစင်စေပြီး ဘက်တီးရီးယားတွေကို တွန်းလှန် ပေးနိုင်ပါတယ်။

* ဆီးလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းထုတ်နိုင်စေဖို့ ဗီတာမင်စီ မှီဝဲသင့်ပါတယ်။

* အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် ကို ပုံမှန်စားပေးရင် ဆီးလမ်းကြောင်းပိုးဝင်တဲ့ အန္တရာယ်ဖြစ်စေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ကို တွန်းလှန်ပေးနိုင်ပါတယ်။

* ဆီးလမ်းကြောင်းတစ်ဝိုက်ကို ရေနွေးအိတ် ကပ်ပေးပါ။ အပူသိပ်မများဘဲ ခပ်နွေးနွေးလေး ဖြစ်ဖို့ လိုပြီး အချိန် ၁၅ မိနစ်ခန့် ကပ်ပေးပါ။

* ရေတစ်ဖန်ခွက်ထဲ ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဝက်ခတ်ပြီး သောက်ပေးရင် ဆီးသွား တဲ့အခါ ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာနဲ့ ဆီးအောင့်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

* ကဖင်း၊ အယ်လ်ကိုဟော၊ ပူစပ်တဲ့ အစား အသောက်၊ နီကိုတင်း၊ ကာဗွန်ထည့်ထားတဲ့ အရည်နဲ့ အချိုတုတွေက ဆီးအိတ်ကိုစပ်ဖျဉ်းဖျဉ်း ဖြစ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

* အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်များများပါတဲ့ အစာနဲ့ သံလွင်ဆီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားပေးရင် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top