Healthy Life Ad
Life Style

သျှားထွဋ်အိန္ဒြာ၏ ကျန်းမာလှပလူမှုဘဝ

e1

လတ်တလော အနုပညာလှုပ်ရှားမှု

MTV တွေရိုက်ဖြစ်တယ်။ ကြောငြာလေးတွေ ရိုက်ဖြစ်ပါတယ်။ Photo Cover တွေ မဂ္ဂဇင်းတွေအတွက် ရိုက်ဖြစ်နေပါတယ်။

သျှားထွဋ်၏ အသားအရေအမျိုးအစား

ညီမအသားအရေက ပုံမှန်အသားအရေမျိုးပါပဲ။ ပြီးတော့ညီမက ကိုယ့်မှာနဂိုတိုင်းရှိတဲ့ အသားအရေမျိုးကိုပိုကြိုက်တယ်။ အသားအရမ်းဖြူချင်တာတို့၊ အသားရေဖြူအောင် ဆေးသောက်ဆေးထိုးတာတို့ မရှိပါဘူး။ လက်ရှိအသားအရေကိုပဲ အကောင်းဆုံးဖြစ်အောင် ဂရုစိုက်တယ်။ အသားရေစိုပြည်အောင် ရေနဲ့အသီးအနှံ များများစားပါတယ်။

e4

Miss မဖြစ်ခင်နဲ့ Miss ဖြစ်ပြီးနောက်ပိုင်း ခန္ဓာကိုယ်အလေးချိန်ကွာခြားချက်

Miss မဖြစ်ခင်ကတော့ ခန္ဓာကိုယ်ဝိတ်ကိုအရမ်း ထိန်းသိမ်းခဲ့တာမျိုးမရှိဘူး။ နည်းနည်းလည်း ဝတာမျိုးရှိတယ်။ Miss ပြိုင်ပွဲဝင်မယ်ဆိုတော့ ခန္ဓာကိုယ်အလေးချိန်နဲ့ အသားအရေကအစ အများကြီးပြုပြင်ပြောင်းလဲ လေ့ကျင့်ခဲ့တယ်။ အခုချိန်မှာလည်းအစားအသောက်ကြောင့် ခန္ဓာကိုယ်ဝိတ်တက်လာတယ်ဆိုရင် ပြန်လျှော့တယ်။ အခုလက်ရှိကလည်း Miss တစ်ယောက်ဖြစ်တဲ့အတွက် လူအများရဲ့အာရုံစိုက်ခံရမယ်။ အဲ့ဒီအတွက်ကြောင့် ခန္ဓာကိုယ်ဝိတ်ကိုတော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားပါတယ်။ များသောအားဖြင့် ခရီးထွက်ဖြစ်ပြီဆိုရင် ဝိတ်ကပြန်တက်လာတတ်ပါတယ်။

ပြိုင်ပွဲမှာရှုံးနိမ့်ခဲ့ရင် စိတ်ဓာတ်မကျ . .

Miss ပြိုင်ပွဲတွေမှာဝင်ပြိုင်ဖြစ်တဲ့အခါ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြိုးစားတယ်။ အားပေးတဲ့ပရိသတ်တွေ စိတ်ကျေနပ်တယ်ဆိုရင်လည်း ပျော်တယ်၊ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင် စိတ်ဓာတ်ကျခဲ့တာမျိုးတော့ မရှိပါဘူး။ ဝမ်းနည်းမှုတော့ ဖြစ်တာပေါ့။ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကိုတော့ ဆက်လက်ကြိုးစားသွားမှာပါ။

e2

အခြားပြိုင်ပွဲဝင်တဲ့သူတွေအပေါ် အတုယူဖြစ်

Miss ပြိုင်ပွဲဝင်တဲ့သူတိုင်းမှာတော့ အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ ညီမကတော့ ကောင်းတဲ့အားသာချက်တွေကို အတုယူဖြစ်တာများပါတယ်။

Miss ပြိုင်ပွဲဝင်မယ့် ညီမငယ်တွေကို အကြံပေးဖြစ်

ညီမက Miss နဲ့ပတ်သက်တဲ့ သင်တန်းလေးဖွင့်ဖို့ရှိပါတယ်။ အခုချိန်မှာလည်း Miss ပြိုင်ပွဲဝင်မယ့် ညီမလေးတွေကလာပြီး အကူအညီတောင်းတာမျိုး၊ အတွေ့အကြုံလေးတွေ လာမေးတာမျိုးဆိုရင်လည်း ညီမဘက်ကအတတ်နိုင်ဆုံး ကူညီပြောပြပါတယ်။ ညီမအကြံပေးချင်တာကတော့ Miss တစ်ယောက်ဖြစ်လာမယ်ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းလှပအောင် ပြုပြင်ထိန်းသိမ်းနိုင်ရမယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်ရပါမယ်။

ပရဟိတအလုပ်တွေ ပိုလုပ်ဖြစ်လာ . . .

Miss ဖြစ်မှရယ်လို့မဟုတ်ပါဘူး။ မည်သူမဆို ပရဟိတလုပ်တာက အကောင်းဆုံးပါ။ ပြီးတော့ညီမက Miss မဖြစ်ခင်ကတည်းက ပရဟိတတွေလုပ်ဖြစ်ပါတယ်။ Miss ဖြစ်တော့လည်း ပိုလုပ်ဖြစ်ပါတယ်။

Miss တစ်ယောက်ဖြစ်လာပေမယ့် ဟန်မဆောင်တတ်သူ . .

ညီမက ဟန်မဆောင်တတ်ဘူး။ ညီမစိတ်ထားက အရင်ကလည်းဒီပုံစံပဲ၊ အခုလည်း ဒီပုံစံပါပဲ။ ကိုယ့်မှာရှိတဲ့စိတ်ရင်းအတိုင်းပဲ ထားတတ်တယ်။ ငါ Miss ဖြစ်သွားလို့ဆိုပြီး မာနကြီးပြီးနေတာမျိုး မလုပ်ဘူး။ လူတိုင်းအပေါ်မေတ္တာမှန်၊ စေတနာအမှန်နဲ့ပဲ ဆက်ဆံတယ်။

e3

ကောလဟလရှိလာရင် မေတ္တာနဲ့ပဲဖြေရှင်း . .

ညီမတို့အနုပညာရှင်တွေက ကောလဟလတွေနဲ့ မကင်းပါဘူး။ ကောင်းတာရှိသလို ဆိုးတာလည်းရှိပါတယ်။ အဓိက အကောင်းဆုံးဖြစ်အောင်နေတယ်။ ကောလဟလတွေရှိလာခဲ့ရင်လည်း ဖြေရှင်းချက်မပေးဘဲ အမှန်တရားကတစ်နေ့ပေါ်လာမှာ ဖြစ်တဲ့အတွက် ခေါင်းထဲသိပ်မထားပါဘူး။ မေတ္တာပဲထားလိုက်ပါတယ်။

သျှားထွဋ်၏ ကျန်းမာရေးစောက်ရှောက်မှု

အစားအသောက်ကို ပုံမှန်စားတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ နယ်ခရီးတွေသွားရင်လည်း ကိုယ့်ရဲ့ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top