Healthy Life Ad
Health Tips

မှဲ့ခြောက်များကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

၊ လရိပ်မေ ၊

မျက်နှာပေါ်မှာ မှဲ့ခြောက်တွေက ခပ်ပြားပြားစက်ဝိုင်းပုံ အစက်အပြောက်တွေအဖြစ် ရှိတတ်ပြီး လက်သည်းထိပ်အရွယ် လောက်ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့နေရာ၊ ဥပမာ နှာခေါင်း၊ နောက်ကျောနဲ့ ပခုံးတွေမှာအဖြစ်များပြီး အသားဖြူတဲ့သူတွေမှာ အတွေ့ရများပါတယ်။
မှဲ့ခြောက်တွေက အန္တရာယ်မရှိပါဘူး၊ အရေပြားကင်ဆာဖြစ် နိုင်ခြေလည်း နည်းပါတယ်။ ဒါပေမဲ့ မှဲ့ခြောက်ရှိရင် စိတ်ညစ်တဲ့အတွက် အလှအပကုထုံးတွေနဲ့ ပျက်ပြယ်အောင် လုပ်လိုကြပါတယ်။ မှဲ့ခြောက်တွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အန္တရာယ်ကင်းတဲ့ သဘာဝကုထုံးတွေကို ဖော်ပြလိုက်ပါတယ်။

lime
(၁) သံပရာရည်
သံပရာရည်ကို အရေပြားပေါ် လိမ်းရင် အသားအရေ လင်းလက်တောက်ပစေတဲ့ အာနိသင်ရှိပါတယ်။ မှဲ့ခြောက်တွေပေါ် သံပရာရည်လိမ်းပြီး နှိပ်နယ်ပေးပါ။ အချိန် ၁၅-၂၀ မိနစ်အကြာမှာ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာဖြစ်ပါတယ်။ တစ်နေ့ နှစ်ကြိမ်ပြုလုပ်တာကြောင့် ပိုကောင်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။
သကြား ထမင်းစားဇွန်းတစ်ဇွန်းထဲ သံပရိုရည် အစက်အနည်းငယ်ထည့်ပြီး မှဲ့ခြောက်တွေပေါ် လိမ်းကာ ညင်ညင်သာသာပွတ် တိုက်ပေးပါ။ ပြီးမှ ရေနဲ့ ဆေးလိုက်ရပါမယ်။ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးပါ။

papaya
(၂) သင်္ဘောသီးမှည့်အနှစ်
သင်္ဘောသီးဟာ မှဲ့ခြောက်တွေကို ဖြည်းဖြည်း ချင်းမှိန်ဖျော့ သွားစေပါတယ်။ အကြောင်းကတော့ သင်္ဘောသီးမှာ ပက်ပိန်းလို့ ခေါ်တဲ့ ပါပါရာပရိုတင်းနေ့စ် အင်ဇိုင်းပါဝင်လို့ အရေပြားဆဲလ် သေတွေကို ပြိုကွဲစေတာကြောင့်ပါ။ သင်္ဘောသီးဟာ အရေပြားဆဲလ် သေတွေကို ကင်းစင်စေတဲ့ ကြေးချွတ်အာနိသင်ရှိတဲ့အတွက် အသားအရေကို သစ်လွင်ကျန်းမာစေတာ ဖြစ်ပါတယ်။
ပြုလုပ်ရမယ့်နည်းက သင်္ဘောသီးအမှည့်ကို ဝါဂွမ်းစနဲ့ ယူပြီး မှဲ့ခြောက်ရှိတဲ့ အရေပြားပေါ်လိမ်းကာ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ နာရီဝက်အကြာမှ ရေနဲ့ဆေးချလိုက်ပါ။ တစ်နေ့ တစ်ကြိမ် လုပ်နိုင်ပါတယ်။

sour cream
(၃) ခရင်မ်တစ်မျိုး (Sour Cream)
ခရင်မ်တစ်မျိုး (Sour Cream) မှာ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် အရေပြား ကြေးချွတ်အာနိသင်ရှိပါတယ်။ အဲဒီခရင်မ် ကို မှဲ့ခြောက်တွေပေါ် လိမ်းပေးရင် အရေပြားဆဲလ်သေတွေ ကွာကျစေပြီး မှဲ့ခြောက်တွေ မှိန်ဖျော့စေပါတယ်။
ခရင်မ်ကို မှဲ့ခြောက်တွေပေါ် လိမ်းပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးရင် တစ်သျှူး ဒါမှမဟုတ် ပဝါနဲ့ သန့်စင်အောင် သုတ်လိုက်ပါ။ နောက်ဆုံးမှာ အစိုဓာတ်ထိန်းခရင်မ် လိမ်းရပါမယ်။ တစ်နေ့တစ်ကြိမ် လုပ်နိုင်ပါတယ်။

honey-lime-facial-treatment
(၄) ပျားရည်နှင့် သံပရိုသီး
သံပရိုသီးမှာ အယ်လ်ဖာဟိုက်ဒရော့ဆီအက်ဆစ်ပါဝင်တဲ့ အတွက် အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး ဆဲလ်သစ်ကြီး ထွားအောင် လှုံ့ဆော်ပေးပါတယ်။ ပျားရည်က သဘာဝအစိုဓာတ်ထိန်းအာနိသင်ရှိပြီး အရေပြားဆီကို ရေဆွဲလေ့ရှိတာကြောင့် အသားအရေ နူးညံ့စိုပြည်စေပါတယ်။
ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းထဲ သံပရိုရည် အစက်အနည်း ငယ်ထည့်ကာ မှဲ့ခြောက်ရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပေးပါ။ အချိန် ၁၅-၂၀ မိနစ်ကြာရင် ရေနဲ့ ဆေးကြောပေးရပါမယ်။ တစ်ရက်ခြားတစ်ခါလောက် လုပ်ဆောင်ပေးပါ။

onion
(၅) ကြက်သွန်နီ
ကြက်သွန်နီမှာ ဆာလဖာပါတဲ့ ဒြပ်ပေါင်းပါဝင်တာကြောင့် အသားအရေ လင်းလက်စေတဲ့ အစွမ်းရှိပါတယ်။ ကြက်သွန်နီကို ခပ်ထူထူလှီးပြီး မှဲ့ခြောက်တွေပေါ် သုတ်လိမ်းပေးပါ။ တစ်နေ့ နှစ် ကြိမ်လုပ်တာကြောင့် မှဲ့ခြောက်တွေ မှိန်ဖျော့သွားစေပါတယ်။
တခြား လုပ်နိုင်တဲ့နည်းက ကြက်သွန်နီကို ထောင်းပြီးရလာတဲ့ အရည်ကို မှဲ့ခြောက်တွေပေါ် တစ်နေ့နှစ်ကြိမ် လိမ်းပေးရမှာ ဖြစ်ပါတယ်။

(Def;HD)

Most Popular

Healthy Life Ad
To Top