Healthy Life Ad
Life Style

စုမြတ်နိုးဦး၏ ကျန်းမာလှပလူမှုဘဝ

s4

လတ်တလောအနုပညာလှုပ်ရှားမှု

ညီမအခု မလေးရှားမှာသီချင်းသွားဆိုဖို့ ရှိပါတယ်။ ပြီးတော့ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်နေပါတယ်၊ မဂ္ဂဇင်းတွေရိုက်ဖြစ်ပါတယ်၊ အခုတလောဇာတ်ကားတွေ သိပ်မရိုက်ဖြစ်သေးပါဘူး။

တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ

အဓိက ရေများများသောက်ပါတယ်။ အသီးအနှံများများစားတယ်။ ပြီးတော့ လိုးရှင်းလိမ်းပါတယ်။ ညီမအသားအရေက နည်းနည်းခြောက်တော့ လိုးရှင်းလိမ်းရတယ်။ မျက်နှာအတွက်ကတော့ မိတ်ကပ်လိမ်းပြီးရင် သေချာပြန်ဖျက်တယ်၊ တစ်ပတ်နှစ်ခါလောက် မျက်နှာပေါင်းတင်ဖြစ်ပါတယ်။

အသားအရေအတွက် သဘာဝကုထုံးလုပ်ဖြစ်. . .

ညီမက အသားအရေအတွက်ကို သဘာဝကုထုံးနဲ့လုပ်ရတာ သဘောကျပါတယ်။ များသောအားဖြင့်မျက်နှာကို ပျားရည်နဲ့ပွတ်လိမ်းရတာ သဘောကျပါတယ်။ ပုံမှန်လည်း လုပ်ဖြစ်ပါတယ်။

ပုံမှန်အသားအရေအမျိုးအစား . .

ညီမအသားအရေက ပုံမှန်အသားအရေပါ။ တစ်ခါတလေ ရာသီဥတုအပြောင်းအလဲကြောင့် ခြောက်သွေ့တာမျိုးတော့ ရှိပါတယ်။

ဆုမြတ်နိုးဦးလက်ရှိသုံးနေကျ မိတ်ကပ်အမျိုးအစား

MAC နဲ့ Boby Brown သုံးပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထား

တစ်ကိုယ်ရေသန့်ရှင်းရေးကို အတတ်နိုင်ဆုံး ဂရုစိုက်နေထိုင်ဖြစ်တယ်။ ပုံမှန်တစ်ရက်နှစ်ခါလောက်တော့ ရေချိုးဖြစ်ပါတယ်။ တစ်ကိုယ်လုံးငြီးစိစိဖြစ်နေရင်လည်း မနေတတ်ပါဘူး။ မြတ်နိုးတို့အလုပ်ကလည်း အမြဲတမ်းလူကြားထဲသွားနေရတော့ ကိုယ်ကသန့်ရှင်းမှုရှိမှ ဖြစ်မှာပါ။

နှစ်ခုစလုံးလိမ်းခြယ်ဖြစ် . . .

ညီမကမိတ်ကပ်ကို ကိုယ်တိုင်လည်းလိမ်းဖြစ်တယ်၊ မိတ်ကပ်ဆရာနဲ့လည်း လိမ်းဖြစ်ပါတယ်၊ ကိုယ်တိုင်လိမ်းရင်တော့ ပုံမှန်လေးပဲလိမ်းဖြစ်ပါတယ်။ ပြီးတော့မျက်လုံးကိ်ုခြယ်ရတာ ပိုသဘောကျပါတယ်။

ကိုယ်အလေးချိန်ကို ပုံမှန်လေးပဲထိန်းဖြစ် . . .

ညီမကဝိတ်ကို အရမ်းထိန်းရတာမျိုး မရှိပါဘူး။ အဓိကအဆီအအိမ့် သိပ်မစားပါဘူး။ အသီးအရွက်များများ စားတယ်။ ညီမဝိတ်က တက်လွယ်ကျလွယ်တယ်။ အဲ့ဒါကြောင့် ပုံမှန်လေးပဲထိန်းဖြစ်ပါတယ်။ အစားအသောက်ကြောင့် အခုချိန်ထိကိုယ်အလေးချိန်ကို အရမ်းထိန်းရတာမျိုးမရှိပါဘူး။

s5

ဆုမြတ်နိုးဦးလုပ်နေကျ အားကစား . . .

အားကစားအနေနဲ့ အပြင်သွားပြီး Gym ကစားတာမျိုးတော့မလုပ်ဖြစ်ပါဘူး။ အိမ်မှာပဲ ခါးကွင်းလှည့်ဖြစ်ပါတယ်။ အားကစားလုပ်တာကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ညီမဆို ခါးကွင်းမလှည့်တဲ့ ရက်ကြာသွားရင် ဗိုက်အဆီထွက်လာတတ်တယ်။ လမ်းလည်းများများ လျှောက်ပါတယ်။ အဓိကကတော့ ဘယ်အားကစားမဆို လုပ်တာကောင်းပါတယ်။

ကျန်းမာရေးနဲ့အညီ အစာကိုပုံမှန်စားဖြစ် . . .

ညီမတို့က အိမ်မှာချက်စားတာများတော့ ကျန်းမာရေးနဲ့အညီ ချက်စားဖြစ်ပါတယ်။ အသား၊ ငါး၊ အသီးအရွက်မျှတအောင် စားဖြစ်ပါတယ်။ အိမ်ကမိဘတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေဆိုတော့ ကျန်းမာရေးကိုပိုပြီး လေ့လာလိုက်စားဖြစ်ပါတယ်။

ရာသီအကူးအပြောင်း နှာစီးနှာပိတ်ဖြစ်တတ် . . .

ညီမကအရမ်းကြီးတော့ ချူချာတဲ့အထဲမပါဘူး။ တစ်ခါတလေ ရာသီအကူးအပြောင်းမှာ နှာစီးနှာပိတ်ဖြစ်တတ်တယ်။ အရင်တုန်းကတော့ အစားအသောက်ကြောင့် အစားအိမ်ရောင်တာတော့ ဖြစ်ဖူးတယ်။ အခုတော့ အားလုံးကျန်းမာနေပါတယ်။

နေမကောင်းမဖြစ်ခင်ဆေးကို ကြိုတင်သောက်တတ်

ညီမ နေမကောင်းဖြစ်ချင်နေပြီဆိုရင် ဆေးကိုကြိုတင်သောက်လိုက်တယ်။ အိမ်ကမိဘတွေကလည်း ဂရုစိုက်ပေးတယ်၊ အရမ်းကြီးနေမကောင်းဖြစ်တာမျိုးလည်း မရှိဖူးသေးဘူး။ ကျန်းမာနေအောင် အမြဲတမ်းဂရုစိုက်ဖြစ်တယ်။

s3

ကျန်းမာရေးစစ်ဆေးမှုလုပ်ဖြစ် . . .

လူတိုင်းကတော့ ကျန်းမာနေမှအလုပ်လုပ်နိုင်မယ်။ အတတ်နိုင်ဆုံးလည်း ဂရုစိုက်ဖြစ်ပါတယ်။ အဓိက နယ်ခရီးတွေသွားဖြစ်ရင် ကျန်မာရေးစစ်ဆေးမှုတွေ လုပ်သွားတယ်။ ပြီးတော့ နယ်ခရီးသွားရင် နေမကောင်းဖြစ်တာမျိုးရှိခဲ့မယ်ဆိုရင် သောက်ဆေးလေးတွေတော့ ယူဆောင်သွားဖြစ်ပါတယ်။

ကောလဟလဆိုတာ တစ်ချိန်မှာပျောက်သွားမယ့်အရာ . . .

ဘယ်အလုပ်မဆို အတိုက်အခိုက်တွေရှိပါတယ်။ ညီမတို့အနုပညာအလုပ်မှာလည်း ရှိပါတယ်။ အဲဒီလို အတိုက်အခိုက်တွေ၊ ကောလဟလတွေရှိလာရင် ‘တော်ပြီ၊ မလုပ်ချင်တော့ဘူး’ ဆိုပြီး တစ်ခါတလေဝင်ဖူးတယ်။ နောက်ပိုင်း သေချာပြန်စဉ်းစားတယ်၊ ငါဝါသနာပါတဲ့အလုပ်ကို ငါလုပ်တာပဲ၊ ဘယ်သူတွေ ဘယ်လိုတိုက်ခိုက်ပါစေ၊ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်ကို စွန့်လွတ်ပြီးပျောက်ကွယ်သွားတာမျိုး မဖြစ်စေရဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကောလဟလဆိုတာကလည်း တစ်ချိန်ချိန်ပျောက်သွားမှာပဲ၊ စိတ်ထဲ သိပ်မထားတော့ဘူး၊ အဓိကမှန်ကန်အောင်နေဖို့ပဲ ကြိုးစားနေပါတယ်။

s6

ချစ်သူများနေ့မှာ ပျော်ကြမယ့်ချစ်သူတွေအတွက် ဆုမြတ်နိုးဦးရဲ့ အကြံပြုစကား . . .

ချစ်သူများနေ့မှာတော့ ချစ်သူတွေက အရမ်းချစ်ကြတယ်။ ချစ်သူတွေပျော်ရွှင်ကြတဲ့ ရက်လေးလည်းဖြစ်တယ်။ အဓိက ညီမပြောချင်တာက

ပျော်တော့ပျော်ကြပါ၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြတ်သန်းကြပါ။ ထိန်းထိန်းသိမ်းသိမ်းနဲ့ လွန်လွန်ကြူးကြူးမဖြစ်အောင်တော့ ဂရုစိုက်ပါလို့ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top