Healthy Life Ad
Health Tips

သင့်အိမ်မှာ အချစ်တော် အိမ်မွေးတိရစ္ဆာန် တစ်ကောင် ရှိတဲ့အခါ . . .

ဇွန်

သင့်အိမ်မှာ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်တဲ့ကြောင်၊ ခွေး စတာလေးတွေ ပိုင်ဆိုင်တဲ့ အခါ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန် ရှိတာကြောင့် ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါ အန္တရာယ် လျော့ပါးစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

သွေးတိုးကို ကျစေပြီး သွေးဖိအားကို ပုံမှန် ထိန်းပေးနိုင်ပါတယ်။

စိုးရိမ်သောကများတာနဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတို့ကို သက်သာစေပါတယ်။

သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

အထီးကျန်တဲ့ ဝေဒနာလျော့ပါးစေပြီး ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမွန်စေပါတယ်။

လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်း သကြားဓာတ်အဆင့်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

အော်တစ်ဇင်ရောဂါ ခံစားနေရတဲ့ ကလေးတွေနဲ့ အာရုံစူးစိုက်မှု ချို့တဲ့ပြီး အတက်ကြွလွန်တဲ့ ဝေဒနာရှိသူ ကလေးတွေမှာ ဝေဒနာ သက်သာစေ ပါတယ်။

Most Popular

Healthy Life Ad
To Top