Healthy Life Ad
Child

သားရှင်တို့အတွက် . . .

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁).အရွယ်အလိုက် ရှင်းပြခြင်း

သင့်သားလေးကို အရွယ်အလိုက် လိင် ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာ တွေနဲ့ ပတ်သက်တဲ့ သိသင့် သိထိုက်တာ တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေ သုံးစွဲခြင်းရဲ့ ဆိုးကျိုး ဆိုးပြစ်တွေကို ငယ်ငယ်ကတည်းက ပြောပြ ထားသင့်သလို မိဘကိုယ်တိုင်လည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အုပ်ထိန်းသူ တွေဟာ သားယောကျာ်းလေးတွေကို အရက်၊ ဆေးလိပ် စတာတွေကို ဝယ်ခိုင်းတာမျိုး၊ အရက်ခွက်ငှဲ့ခိုင်းတာမျိုး လုံးဝမလုပ်သင့်ပါ။ အရက်သောက်တတ်ရင်တောင် သားတွေရှေ့မှာ ဘယ်တော့မှ သောက်မပြပါနဲ့။
အများအားဖြင့် မိဘတွေက ကလေးတွေကို လိင်ကျန်းမာရေး ပညာပေးတဲ့အခါ စိတ်မသက်မသာ ဖြစ်လေ့ရှိသလို သားလေးက ငယ်သေးတယ်လို့ ထင်နေတတ်ကြပါတယ်။ သူ့အရွယ်အလိုက် ယောကျာ်းလေးနဲ့ မိန်းကလေး ခန္ဓာဗေဒ ဖွဲ့စည်းပုံ မတူညီတဲ့ အကြောင်း၊ လိင်အင်္ဂါကို ဘယ်လိုသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အကြောင်း စတာတွေကစလို့ မျိုးဆက်ပွား ကျန်းမာရေးပညာပေးဖို့ မတွန့်ဆုတ်ပါနဲ့။

(၂) သင့်သားသူငယ်ချင်းများကို ရင်းနှီးစွာ ပေါင်းဖော်ခြင်း

သားကို အုပ်ထိန်းတဲ့အခါ သူ ပေါင်းသင်းနေတဲ့ သူတွေကိုလည်း သိနားလည်ပြီး ရင်းနှီးနေဖို့ လိုပါတယ်။ သားရဲ့ သူငယ်ချင်းတွေ အိမ်အလည် လာတာကို ခွင့်ပြုပါ။ သားသူငယ်ချင်း လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စတာတွေကို သေချာမှတ် ထားပြီး ဖြစ်နိုင်ရင် သူတို့ မိဘတွေနဲ့ပါ ခင်ခင်မင်မင် ရှိနေပါစေ။ ဒါဟာ သင့်သားအကြောင်း သင်သိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်သလို သင့်သား လမ်းမှားမရောက်အောင် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top