Healthy Life Ad
Life Style

ပွင့်နဒီမောင် ဇနီးမောင်နှံတို့၏ ကျန်းမာရေးအကျင့်ကောင်းများ

မေး. ကျန်းမာခြင်းရဲ့အရေးပါပုံကို အပျိုဘဝမှာထက် အိမ်ထောင်ကျပြီးချိန်မှာ ဘယ်လောက်ပိုနားလည်သွားခဲ့ပါသလဲ အစ်မ။

အစ်မတို့မင်္ဂလာဆောင်ပြီးကတည်းက အဖေ့ကျန်းမာရေးက သိပ်မကောင်းဘူး။ အိမ်မှာနေရတာထက် ဆေးရုံကိုသွားပြပေးရတာများတယ်၊ အခုချိန်မှာလည်း အစ်မက အတော်လေးနားလည်လိုက်ပါတယ်။ လူတစ်ယောက်မှာ ကျန်းမာရေးက အရမ်းအရေးကြီးတယ်ဆိုတာသိလိုက်ရတယ်။ အရင်ကတော့ လူငယ်တစ်ယောက်အနေနဲ့ ကျန်းမာရေးကို အရမ်းဂရုစိုက်ခဲ့တာမျိုးမရှိပါဘူး၊ ဖြစ်မှကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်လေ့လာလိုက်စားတာက ပိုကောင်းပါတယ်။

Untitled-2

အခုအချိန်မှာလည်း အစ်မက အဖေကိုပြုစုနေရတော့ ကျန်းမာရေးအသိတွေပိုရလာတယ်။ အဖေကသွေးတိုးရှိတော့ ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာ သိလာတယ်၊ နောက်ပြီးတော့ နှလုံး၊ အဆုတ်ကလည်း မကောင်းတော့ ဆရာဝန်ပြောတဲ့အတိုင်း ပြုစုပေးရတော့ အစ်မပါဗဟုသုတရလာတယ်။ ကိုယ်တိုင်လည်း ကျန်းမာရေးကို ဂရုစိုက်ဆင်ခြင်တတ်လာတယ်၊ ကျန်းမာရေးက ဘယ်လောက်ထိအရေးပါလဲ၊ မကျန်းမာရင် ဘယ်လောက်ထိ စိတ်မချမ်းသာဖြစ်ရလဲဆိုတာ သိလာတယ်။

မေး. အစ်မနဲ့အစ်ကိုကရော တစ်ယောက်ကိုတစ်ယောက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်တွေကို ပေးဖြစ်ပါသလဲ။

အခုလက်ရှိအစ်မအမျိုးသားက ဆေးလိပ်အရမ်းသောက်တော့ လျှော့သောက်ခိုင်းနေရတယ်၊ စိတ်ပူရတယ်၊ အခုကတည်းကလျှော့သောက်ခိုင်းပြီး တဖြည်းဖြည်းဖြတ်ခိုင်းနေရတယ်၊ အဖေဆိုလည်း အရင်က ဆေးလိပ်အရမ်းသောက်တော့ အခုလက်ရှိမှာ ကျန်းမာရေးကမကောင်းဘူး။ နှလုံး၊ ကျောက်ကပ်ရောဂါတွေဖြစ်တယ်၊ သွေးလည်း တိုးတယ်၊ ဒူးခေါင်းအောက်ဆို သွေးစီးဆင်းတာ သိပ်မရှိတော့ဘူး။ အမေရိကဆရာဝန်ကတော့ ပြောတာပေါ့။ ငယ်ငယ်တုန်းက ဆေးလိပ်အရမ်းသောက်ခဲ့တဲ့ ဒဏ်တွေကြောင့်ဖြစ်တာလို့ ပြောပါတယ်။

Untitled-3

ဘယ်သူမဆိုဖြစ်နိုင်ရင် ဆေးလိပ်မသောက်တာကောင်းပါတယ်။ မဖြစ်ခင်ထက် ဖြစ်မှကုသရတာက အရမ်းစိတ်ဖိစီးပူပန်မှုတွေဖြစ်ရပါတယ်၊ အစ်မက အဖေနဲ့အတူ နေခဲ့ရတာဆိုတော့ အဖေဆေးလိပ်သောက်ရင် ဆေးလိပ်အနံ့ကယဉ်နေတယ်။ နောက်ပိုင်းဆေးလိပ်ပါ သောက်တတ်လာတာမျိုးရှိတယ်။

အရင်က အစ်မအမျိုးသားက ဆေးလိပ်မသောက်တတ်ဘူး။ အစ်မနဲ့ချစ်သူဖြစ်တော့မှ သောက်တတ်လာတာ၊ အခုအချိန်မှာ အစ်မကဆေးလိပ်လုံးဝ မသောက်တော့ဘူး။ အစ်မအမျိုးသားက ဆေးလိပ်အရမ်းသောက်တဲ့သူဖြစ်နေတယ်၊ တဖြည်းဖြည်းတော့ ဆေးလိပ်ဖြတ်နိုင်ဖို့ လုပ်ဆောင်ပေးရမယ်။

မေး အစ်မတို့ဇနီးမောင်နှံအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖြစ်ပါသလား။

အစ်မဆို အရင်က ယောဂကျင့်တယ်ဆိုတာ ဘာမှမဟုတ်တဲ့ အရာတစ်ခုလိုထင်ခဲ့မိတယ်၊ အခုကျတော့ ယောဂကျင့်တယ်ဆိုတာ ကျန်းမာရေးအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ သိလိုက်ရတယ်၊ ဘယ်လောက်ပဲ စီးပွားရေးရှာနိုင် ရှာနိုင် ကျန်းမာရေးမကောင်းရင် ဘယ်လိုမှစိတ်ချမ်းသာမှာမဟုတ်ဘူး။အစ်မတို့ ကလေး ယူတော့မယ်ဆိုရင်လည်း အနည်းဆုံး ဆေးလိပ်ကိုကြိုတင်ဖြတ်နိုင်အောင်လုပ်ရမယ်၊ အစ်မတို့ နှစ်ယောက်စလုံးကလည်း အခုလေ့ကျင့်ခန်းတွေ အတတ်နိုင်ဆုံးလုပ်ဖြစ်နေပါတယ်။

Untitled-4

အနည်းဆုံးတစ်ရက်ကို နာရီဝက်လောက်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်။ကျန်းမာရေးဗဟုသုတတွေကိုလည်း အရင်ကထက်ပိုပြီး လေ့လာလိုက်စားဖြစ်နေတယ်။ အစ်မအမျိုးသားကိုလည်း ကျန်းမာရေးကောင်းအောင် အားကစားလေ့ကျင့်ခန်းလုပ်ဖြစ်အောင် ပြောပြဖြစ်တယ်။ ဆရာဝန်ကိုယ်တိုင်ကလည်း အကြံပေးတာမျိုး ရှိတယ်။

မေး. အစ်မတို့ဇနီးမောင်နှံအနေနဲ့ အစားအသောက်နဲ့ပတ်သက်ပြီး အကြိုက်တူပါသလား။

အစားအသောက်နဲ့ပတ်သက်ပြီး အစ်မကအချိုတွေအရမ်းမကြိုက်ဘူး။ အသီးအရွက်တွေ များများစားဖြစ်တယ်။ နောက်ပြီး ညနေ၆နာရီနောက်ပိုင်းမရောက်ခင် ညစာကိုအပြီးစားထားတယ်၊ အစာကို အာဟာရမျှတအောင် ကျန်းမာရေးနဲ့အညီ အချိန်မှန်စားနိုင်အောင်လုပ်ဖြစ်ပါတယ်။

Untitled-5

အစ်မက သွေးအားနည်းရောဂါတော့ရှိတယ်၊ ဝိတ်ကျအောင်ဆိုပြီး အစားအသောက်ကို အရမ်းလျှော့စားတာမျိုးတော့မရှိဘူး။ ရောဂါစဖြစ်တာက အစားအသောက်မဆင်ခြင်လို့ဖြစ်တယ်ဆိုတာ သတိထားမိလာတော့ အစ်မအမျိုးသားကိုလည်း အစားအသောက်နဲ့ပတ်သက်ပြီး ဂရုစိုက်ပေးပါတယ်။

– ပရိသတ်ကို ပေးချင်တဲ့ဆုတောင်း . . .

ပရိသတ်အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top