Healthy Life Ad
Q & A

နားထဲ ဆူနေတာ နှစ် ၂၀ ကြာ . . .

မေး။ ။ နားကြပ်တွေဘာတွေမသုံးဘဲ အခုနားထဲမှာပုရစ် တွေအော်သလိုရေတွေစီးနေသလို လေယာဉ်ပျံစီး တဲ့အခါမျိုးမှာ ကြားရတဲ့အသံမျိုးတွေ တစ်ချိန်လုံး ကြားနေရတယ်၊ အရမ်းဆူတယ်၊ ဖြစ်နေတာ နှစ်၂၀ လောက်ရှိပါပြီ။ ဆရာဝန်လည်းစုံပြီ၊ နိုင်ငံခြားမှာလည်း ပြပြီးပြီ။ ဖြစ်နိုင်ရင် ဆူနေတာ ဘာလုပ်ရမလဲ ဆိုတာလေး အကြံပေးစေချင်ပါတယ်။ နားမကြား ရတာကိစ္စမရှိပါဘူး။ ဆူညံတာတွေ ပျောက်ချင်ပါတယ် ခင်ဗျာ။

ကိုရွှေဘုန်းဘုန်း

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ပြထားတဲ့ ဆေးမှတ်တမ်းတွေကို ကြည့်ပြီးမှ ဘာ့ကြောင့်ဖြစ်တာလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ပြော နိုင်မှာဖြစ်ပါတယ်။ နေ့ဘက်ရော ညဘက် အိပ်ပျော် ခါနီးအထိနဲ့ အိပ်ရာနိုးမှန်းသိသိချင်းမှာပါ နားထဲဆူ နေသလားဆိုတာ သတိထားကြည့်ပါ။ စိတ်ပူပန်စရာ၊ ဒေါသဖြစ်စရာများသလား၊ စိတ်ဖိစီးမှုတွေ များနေသလားဆိုတာ စဉ်းစားကြည့်ပါ။ စိတ်သောက နည်းအောင် ကြိုးစားကြည့်ပါ။ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေ မထိရောက်ရင် စိတ်တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ကြည့်ပါလို့ ယေဘုယျအကြံပေးပါရစေ။

Most Popular

Healthy Life Ad
To Top