Healthy Life Ad
Health Tips

တံတောင်ဆစ်မည်းလို့ စိတ်ညစ်နေသလား

သဒ္ဒါထက်

လက်တံတောင်ဆစ်မည်းလို့ လက်တိုအင်္ကျီဝတ်ရမှာ မဝံ့မရဲဖြစ်နေရင် သဘာဝ အိမ်တွင်းကုထုံးတွေနဲ့ အရေပြား လင်းလက်လာအောင် လုပ်ဆောင် နိုင်ပါတယ်။

 နနွင်းမှုန့်
နနွင်းမှုန့်မှာ အရေပြားအနာကျက်ပြီး စိုပြည်စေတဲ့ အစွမ်းရှိပါတယ်။ နွားနို့နဲ့ နနွင်းမှုန့်ကို ရောပြီး လက်တံတောင်ဆစ်ပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေး ပါ။ မိနစ်အနည်းငယ်ကြာမှ ဆပ်ပြာတိုက်ပြီး ရေနဲ့ ဆေးချလိုက်ပါ။

 သံလွင်ဆီနှင့် သကြား
သံလွင်ဆီမှာ အစိုဓာတ်ထိန်းအာနိသင်ရှိပြီး သကြားဟာ ကြေးချွတ်နိုင်စွမ်း ရှိပါတယ်။ သကြားနဲ့ သံလွင်ဆီကို ဆတူရောပြီး ရေချိုးပြီးတာနဲ့ လက်တံ တောင်မှာ သုတ်လိမ်းလိုက်ပါ။ အချိန် ၅-၁၀ မိနစ် ကြာရင် ဆပ်ပြာနဲ့ တိုက်ပြီး ရေနဲ့ ဆေးကြောလိုက်ပါ။

ဆော်ဒါမှုန့်
ဆော်ဒါမှုန့်မှာ အရေပြားကို လင်းလက်စေပြီး ကြေးချွတ်စေတဲ့ အစွမ်းရှိပါတယ်။ ဆော်ဒါမှုန့်နဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆတူရောပါ ဒါမှမဟုတ် နွားနို့နဲ့ ဆော်ဒါမှုန့်ကို ဆတူရောပါ။ ပြီးရင် အဲဒီ အရောအနှောကို လက်တံတောင်ဆစ်ပေါ် သုတ်လိမ်းကာ ငါးမိနစ်ကြာ နှိပ်နယ်ပေးပါ။ ရေအေးနဲ့ ဆပ်ပြာပျော့သုံးပြီး ဆေးကြောလိုက်ရင် မည်းနေတဲ့ အရေပြားဖျော့သွားပါလိမ့်မယ်။ တစ်ရက်ခြား လုပ်ပေးပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် အနှစ်သား လိမ်းတာကြောင့် နေလောင်ပြီး မည်းနေတဲ့ တံတောင်ဆစ် အရေပြားအရောင်ကို ဖျော့သွားစေပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားလိမ်းပြီး နာရီဝက်ကြာရင် ရေနဲ့ ဆေးလိုက်ပါ။

 သံပရာရည်
သံပရာရည်မှာ အရေပြားလင်းလက်စေပြီး ကြေးကျွတ်စေတဲ့ အစွမ်းရှိပါတယ်။ သံပရာသီးကို ထက်ခြမ်းခြမ်းပြီး တံတောင်ဆစ်မှာ ပွတ်လိမ်းပေးပါ။ ၁၅-၃၀ မိနစ်ကြာ ပွတ်လိမ်းပေးရင် အရေပြားအရောင် ဖျော့သွားပါလိမ့်မယ်။ ပိုဖြူချင်ရင် ပျားရည် ဆွတ်ပြီး သံပရာသီးနဲ့ ပွတ်ပေးပါ။

Ref; HD

Most Popular

Healthy Life Ad
To Top