Healthy Life Ad
Life Style

မကောင်းမှုဟူသည် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သာယာတဲ့နေ့လေးတစ်နေ့မှာ ကိုမော်ဟာ သူ့လက်စွပ်လေးပျောက်သွားလို့ တခြားအဖော်တွေနဲ့ အတူ တရားရုံးကို ရောက်လာခဲ့ပါတယ်။
“တရားသူကြီး. . သူတို့နဲ့အတူရှိနေတုန်းမှာပဲ ကျွန်တော့်ရဲ့ လက်စွပ်လေးပျောက်သွားခဲ့ပါတယ်၊ ကျွန်တော့်ဖခင်က အဲဒါလေးကို လက်ဆောင်ပေးထားတာဖြစ်လို့ တန်ဖိုးထားတဲ့ ပစ္စည်းလေးပါ . . ကျွန်တော့်ကို ကူရှာပေးပါဦး”

“စိတ်မပူပါနဲ့ . . ငါ ရှာပေးပါ့မယ်”ဆိုပြီး –
“လက်စွပ်က ဒီတရားရုံးထဲမှာပဲ ရှိတယ် . . တရားခံရဲ့ မုတ်ဆိတ်မွေးထဲမှာ လက်စွပ်ရှိတယ်”လို့ ဆိုပြီး တရားရုံးထဲက လူတွေကို ပြောလိုက်ပါတယ်။ အဲဒီအခါ လူတစ်ဦးက သူ့လက်နဲ့ မုတ်ဆိတ်မွေးတွေကို ဖမ်းအုပ်လိုက်ပါတော့တယ်။ အဲဒီအပြုအမူကို မြင်တော့ တရားသူကြီးက တရားခံကို ချက်ချင်းလက်ညှိုးထိုးပြီး-
“ဒီလူကို ရှာကြစမ်း . . သူ့ဆီမှာ ကိုမော်ရဲ့ လက်စွပ်ရှိတယ်”လို့ ကျိန်းသေပြောလိုက်ပါတော့တယ်။

ကိုမော်လည်း တရားသူကြီး ဘယ်လိုရှာလိုက်တယ်ဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ တရားသူကြီးကတော့ ကိုမော်ကို ရှင်းပြခဲ့ပါတယ်။
“အပြစ်ရှိတဲ့သူဆိုတာ အမြဲတမ်း ကြောက်လန့်နေတတ်တယ်”ဟူသတဲ့။

စာစုက ပေးချင်သော သင်ခန်းစာ
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။

Most Popular

Healthy Life Ad
To Top