ဖရဲသီးက လေ့ကျင့်ခန်းလုပ်သူတွေ အတွက် အကောင်းဆုံး အစာဖြစ်ပါတယ်။
– ဖရဲသီးမှာ အမိုင်နိုအက်ဆစ်စစ်ထရူလင်း ပါဝင်တာကြောင့် သွေးစီးဆင်းမှုကို အားကောင်းစေပြီး သွေးလှည့်ပတ်မှုတိုးစေပါတယ်။ ဒါ့အပြင် ကြွက်သား တောင့်တင်းနာကျင်မှု သက်သာစေပါတယ်။
– ဖရဲသီးက လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလုပ်ရတဲ့ သရေစာဖြစ်ပါတယ်။
– ဖရဲသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။
– ဖရဲသီးမှာရေဓာတ် ၉၀ ရာခိုင်နှုန်းလောက်ပါဝင်တာကြောင့် ရေဓာတ် ပြည့်ဝစေပါတယ်။