Healthy Life Ad
International

နယူးယောက်မှ ကလေးလူနာတို့၏ အသည်းကျော်မြင်းပုလေးများ

၊ မိုးမင်းထွန်း ၊

နယူးယောက်ဆေးရုံတစ်ခုမှ လူနာလေးတွေရဲ့အကောင်းဆုံးဆေးဝါးကတော့ ၃၂ လက်မတောင် အရပ်မမြင့်တဲ့ မြင်းပုလေးတွေပဲဖြစ်ပါတယ်။
Untitled-7

အသက် ၁၀လသာရှိသေးတဲ့ မြင်းပုအထီးက လေးအော်နာက မန်ဟက်တန်ဆေးရုံမှ လူနာကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ အသည်းကျော်ဖြစ်နေပါတယ်။ဆရာဝန်ခွင့်ပြုချက်ရတဲ့ လူနာတချို့သာ အော်နာနဲ့ဆေးရုံကစားကွင်းမှာ တွေ့ဆုံခွင့်ရပြီး တချို့ကတော့ သူတိုရဲ့အိပ်ရာပေါ်ကနေ တိုက်ရိုက်တီဗီကနေကြည့်ရှူကြတယ်လို့ သိရပါတယ်။ မြင်းပုလေးတွေက မတော်တဆမှုတွေကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရကာ ဆေးရုံရောက်လာတဲ့ လူနာတွေကို စိတ်သက်သာရာရစေခဲ့တယ်လို့ဆိုပါတယ်။
Untitled-8

သူတို့က အုပ်ဖွဲ့နေတတ်တဲ့ တိရစ္ဆာန်တွေပါ။ တခြားမြင်းတွေဘာဖြစ်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး အကဲခတ်တတ်ကာ အလွန်အကင်းပါးကြပါတယ်။ လူတွေကို အလားတူနည်းနဲ့ ဆက်ဆံတတ်ပါတယ်။ ကလေးတွေမှာရှိတဲ့ မတူညီတဲ့စိတ်ခံစားချက်အမျိုးမျိုးကို အကဲခတ်တတ်ကြပါတယ်လို့ မြင်းပုကုထုံးနည်းရဲ့ ပူးတွဲတည်ထောင်သူ ဂါစီယာဘန်ဂိုချီယာက ပြောပြပါတယ်။Untitled-6

လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုလို အဖြစ်ဆိုးကြုံတွေ့ခဲ့ရတဲ့ ကလေးလူနာတွေဟာ မြင်းပုလေးတွေနဲ့ ကစားတဲ့အခါမှာ လှုပ်ရှားလာကြပါတယ်။ စကားတွေပြောလာပြီး တစ်ခါတစ်ရံလူတွေကိုပြောလေ့မရှိတဲ့ အကြောင်းအရာတွေကိုတောင် မြင်းပုလေးတွေနဲ့ပြောနေတာကို တွေ့ရှိရပါတယ်လို့ သူကဆက်ပြောပါတယ်။
Untitled-9

ဆေးရုံတက်နေတဲ့လူနာတွေဟာ အများအားဖြင့် နာကျင်မှု၊ စိတ်စိုးရိမ်ပူပန်မှု၊ အထီးကျန်မှုတွေနဲ့သာ လုံးပန်း နေရပါတယ်။ မြင်းပုလေးတွေက သူတို့ကို ပြင်ပကမ္ဘာကြီးနဲ့ဆက်သွယ်မှုပေးပြီး အပြင်လောကကို စိတ်ဝင်စား မှုနဲ့ စိတ်ကြည်နူးမှုရရှိအောင် နှစ်သိမ့်မှုပေးပါတယ်။ ကလေးလူနာတွေအတွက် ဆေးဝါးထက် ဒီလိုလုပ်ဆောင်ပေးမှုတွေက မြန်မြန်နာလန်ထအောင် ပိုမိုကူညီပါ တယ်လို့ ဂါစီယာကရှင်းပြပါတယ်။

Most Popular

Healthy Life Ad
To Top