Healthy Life Ad
Health Tips

တကယ်မှန်သော အလှအပ အယူအဆများ

အလှအပရေးရာနဲ့ ပတ်သက်ပြီး သင့်မိဘတွေ၊ အဒေါ်တွေ လက်ထက်ကတည်းက သင်ကြားဖူးတဲ့ အယူအဆတွေရှိမှာပါ။ အဲဒီအထဲက တကယ် မှန်ကန်တဲ့ အကြောင်းတွေကို ရေးသားလိုက်ရပါတယ်။

* ဆံထုံး ထုံးတာနဲ့ ဆံပင်ကို ပိုနီတေး စည်းနှောင် တာတွေကြောင့် ဆံပင်ကျွတ်စေနိုင်ပါတယ်။

* မျက်စိ ပွတ်တာကြောင့် မျက်ဝန်းတစ်ဝိုက်မှာ အရေးကြောင်း ထင်စေနိုင်ပါတယ်။

* ဆံပင်တွေကို ဘီယာနဲ့ ဆေးကြောတာကြောင့် ဆံပင်တွေ ပိုထူထဲပြီး ပိုသန်စွမ်းစေ နိုင်ပါတယ်။

* အဆီအအိမ့်များတဲ့ အစာ၊ အပူအစပ်များတဲ့ အစာနဲ့ အချိုစာတွေကြောင့် ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်၊ ဒါမှမဟုတ် ဝက်ခြံကို ပိုဆိုးစေ နိုင်ပါတယ်။

* ရေမွှေးဘူး ထည့်ထားဖို့အတွက် အကောင်းဆုံး နေရာက ရေခဲသေတ္တာပဲ ဖြစ်ပါတယ်။

* မိတ်ကပ်လိမ်းထားချိန်မှာ ကြာကြာခံစေဖို့ ဆံပင် ဖျန်းတဲ့ စပရေးနဲ့ ဆံပင်ကို ဖျန်းပေးနိုင်ပါတယ်။

* ခေါင်းလျှော်ပြီးချိန်မှာ လိမ်းလေ့ရှိတဲ့ ကွန်ဒီရှင်နာ က ဆံပင်တွေကို သန့်ရှင်း စင်ကြယ်စေပါတယ်။

Most Popular

Healthy Life Ad
To Top