Healthy Life Ad
Q & A

အစာကို ပုံမှန်မစားဖြစ်လျှင် . . .

မေး. အစာကို ပုံမှန်မစားဖြစ်ရင် အစာအိမ်မှာ ဘယ်လိုရောဂါတွေဖြစ်တတ်ပါသလဲခင်ဗျာ။
မောင်ထူး၊ သင်္ဃန်းကျွန်း။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)မှဖြေကြားပေးပါသည်။

ဖြေ. အစာကို ပုံမှန်မစားဖြစ်ရင် အစာအိမ်ရောင်တတ်ပါတယ်၊ အဲဒါကို ဂရုမစိုက်ဘဲထားရင် အစာအိမ်အနာ (Peptic Ulcer) ဖြစ်သွားနိုင်ပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာဖြစ်တာထက် အသက်ကြီးတဲ့အရွယ်ဆိုရင် မပေါ့ဆသင့်ပါဘူး၊ အစာအိမ် ကင်ဆာဖြစ်တတ်လို့ အထူးဂရုစိုက်သင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ အကိုက် အခဲပျောက်ဆေးတွေသောက်ရင် အစာအိမ်ရောင်တာနဲ့ အစာအိမ်အနာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါ တလေမှာ အစာအိမ်ရောင်တာက ကိစ္စမရှိပေမယ့် မကြာခဏဖြစ်ပြီး ရောဂါကြီးရင် ပိုဆိုးလို့ ဂရုစိုက်သင့် ပါ တယ်။

Most Popular

Healthy Life Ad
To Top