Healthy Life Ad
International

အင်တာနက်တွင်နာမည်ကြီးသွားသော အာဟာရပြတ်လပ်နေသည့် နိုင်ဂျီးရီးယားကလေးငယ် ကယ်ဆယ်ခံရပြီးနောက် ကျန်းမာရေးကောင်းမွန်လာ

၊ မိုးမင်းထွန်း ၊

မွေးကတည်းကစုန်းကလေးဆိုပြီး မိသားစုအသိုင်းအဝိုင်းက စွန့်ပစ်ခံရတဲ့ နိုင်ဂျီးရီးယားကလေးငယ်လေးကို ဒိန်းမတ်ကယ်ဆယ်ရေးသမားတစ်ယောက်က ကယ်ဆယ်လိုက်ပြီးနောက်မှာ အခြေအနေတွေဟာ ကောင်းမွန်လာပါတယ်။

ဟုတ်ပ်လို့ခေါ်တွင်တဲ့ ကလေးငယ်လေးကို လမ်းကြားတွေထဲမှာ အာဟာရပြတ်လပ်၊ ဖျားနာလျက် တွေ့ရှိခဲ့တာပါ။ ကယ်ဆယ်ပြီး ၈ ပတ်အကြာမှာ ကယ်ဆယ်ရေးလုပ်ခဲ့သူ အန်ဂျာလိုဗန်က သူ့မွေးစားသားလေးရဲ့ကျန်းမာပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။

“ပုံမြင်တဲ့အတိုင်းပါပဲ။ ဟုတ်ပ်ကလေးဟာ အခုဆိုရင် အစ်ကို၊ အစ်မ ၃၅ ယောက်နဲ့ အတူတကွပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ သူတို့ဟာတစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်၊ အတူတကွ ကစား၊ပညာသင်နေပြီး ချစ်ချစ်ခင်ခင် နေထိုင်နေကြပါတယ်” လို့ လိုဗန်က ပြောပြပါတယ်။

လိုဗန်ဟာ အာဖရိကကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကို တည်ထောင်ထားပြီး ဒီအဖွဲ့ဟာ ရေဘူးမှရေကိုသောက်သုံးနေတဲ့ ဟုတ်ပ်ကလေးရဲ့ဓာတ်ပုံနဲ့အတူ မကြာခင်က နာမည်ကြီးလာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ စုန်းကလေးဆိုပြီး မိဘတွေနဲ့ပတ်ဝန်းကျင်က စွန့်ပစ်ခြင်းခံရတဲ့ ကလေးငယ်လေးတွေကို ရှာဖွေကယ်တင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အာဖရိကကျေးလက်ဒေသတွေမှာ ဒီလို ရိုးရာအစွဲအလမ်းကြီးမှုတွေကြောင့် ကလေးသူငယ်တွေဟာ မကြာခဏစွန့်ပစ်ခံရလေ့ရှိတယ်လို့လည်း သိရပါတယ်။

(Ref;NAU)

Most Popular

Healthy Life Ad
To Top