Healthy Life Ad
Health Tips

ရေကူးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ ကိုထက် ၊

ရေကူးတာက ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာပြီး စိတ်ရွှင်လန်းစေတဲ့ အားကစားနည်းပဲဖြစ်ပါတယ်။ အဲဒီလေ့လာမှုအရ ရေကူးတာက ချွေးထွက်နည်းတဲ့လှုပ်ရှားမှုဖြစ်ပြီး အဆစ်တွေပေါ် ဖိအားနဲ့ ဒဏ်သက်ရောက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

– ကြွက်သားထုထည် တင်းရင်းသန်စွမ်းစေခြင်း

ရေကူးတာနဲ့ ရေထဲမှာ လှုပ်ရှားမှုတွေလုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်ရဲ့ နှလုံးခုန်နှုန်းကိုမြန်စေပြီး ကြွက်သားထုထည်ကို သန်စွမ်းတင်းရင်းစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေပါတယ်။

– အသက်ရှူလမ်းကြောင်းစနစ် လုပ်ငန်းဆောင်တာကောင်းမွန်ခြင်း
ရေကူးတာက အသက်ရှူလမ်းကြောင်းစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး သက်လုံကောင်းစေပါတယ်။ ရေကူးတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

– ခန္ဓာကိုယ် ပျော့ပျောင်းသန်စွမ်းမှုရှိခြင်း
ရေကူးတာကြောင့် လက်နဲ့ခြေထောက် လှုပ်ရှားဖြစ်စေကာ တစ်ကိုယ်လုံး ခေါင်းကနေခြေဖျားအထိ ဆွဲဆန့်စေတဲ့အတွက် ခန္ဓာကိုယ်ပျော့ပျောင်း သန်စွမ်းမှုရှိပါတယ်။

– နာတာရှည်ရောဂါဝေဒနာများကို ကာကွယ်နိုင်ခြင်း
ရေကူးတာက အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပြီး နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချို သွေးချိုရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ရေကူးတာကြောင့် အမျိုးသားတွေမှာ စောစော သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျစေပြီး ဘဝသက်တမ်းရှည်စေပါတယ်။

– စိတ်တည်ငြိမ်အေးချမ်းမှုရှိခြင်း
ရေကူးတာကြောင့် ခန္ဓာကိုယ်ထဲကနေ အင်ဒေါ်ဖင်လို့ခေါ်တဲ့ ဓာတ်အထွက်တိုးပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ရေကူးတာက ယောဂကျင့်တာလို စိတ်အပန်းပြေတဲ့ အာနိသင်ရရှိစေပါတယ်။

– နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း
ရေကူးတာကြောင့် ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော်နိုင်ခြေများပါတယ်။ ရေကူးလေ့ရှိသူတွေမှာ အိပ်မပျော်တာ၊ စောစောအိပ်ရာနိုးနေတာ စတဲ့ အိပ်စက်မှုပြဿနာဖြစ်နှုန်းဟာ သိသိသာသာလျော့ကျမှု ရှိပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top