Healthy Life Ad
International

ခန္ဓာကိုယ်က အလိုအလျောက် အရက်ချက်သည့် အမျိုးသမီး အရက်မူးပြီး ကာမောင်းသည့် စွဲချက်မှ ကင်းလွတ်ခွင့်ရ

မိုးမင်းထွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ အမျိုးသမီး တစ်ယောက်ဟာ ခန္ဓာကိုယ်က အလိုအလျောက် အရက်ချက်တဲ့ ရောဂါကြောင့် အရက်မူးပြီး ကားမောင်းတဲ့စွဲချက်မှ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

သွေးတွင်း အယ်လ်ကိုဟောပါဝင်မှု သတ်မှတ်ထားတဲ့ အဆင့်ထက် လေးဆ ပိုမြင့်မားနေတဲ့ အမျိုးသမီးကို မကြာသေးခင်က ဖမ်းဆီးခဲ့ပြီး သူ့မှာ အလိုအလျောက် အရက်ချက်ရောဂါခေါ်တဲ့ ရှားပါးတဲ့ ရောဂါအမျိုးအစား တစ်ခုရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ သူရဲ့အစာခြေ အဖွဲ့အစည်းက သာမန် အစားအစာတွေကို အယ်လ်ကိုဟောဓာတ် အဖြစ်သို့ ပြောင်းလဲပေးခဲ့တာလို့ သူရဲ့ရှေ့နေ ဂျိုးဇက်မာယူ ဆက်က ပြောကြားခဲ့ပါတယ်။ မာယူဆက်က အမျိုးသမီးရဲ့ အူတွေအတွင်းမှာ တဆေးပမာဏ မြင့်မားမှုဟာ ကာဗွန်ဟိုက်ဒရိတ် အစားအစာတွေကို အယ်လ်ကိုဟော အဖြစ်သို့ အချဉ် ဖောက်ပေးနေတယ်ဆိုတဲ့ ဆရာဝန် တွေရဲ့ ရောဂါရှာဖွေ တွေ့ရှိချက်ကို မြို့နယ်တရားသူ ကြီးအား တင်ပြခဲ့ပါတယ်။ အဲဒီနောက် တရားရုံးက သူ့ကိုအမှုကနေ ကင်းလွတ်ခွင့်ပြုခဲ့တာလို့ သိရပါ တယ်။ အမျိုးအမီးဟာ အယ်လ်ကိုဟောတိုင်းတာတဲ့ လေမှုတ်စက်ကို ဝယ်ယူပြီး ၁၈ ရက်တိုင်တိုင် စမ်းသပ်ခဲ့တယ်လို့သိရပါတယ်။ အယ်လ်ကိုဟော ပါဝင် တဲ့ ဘယ်လိုအရည်ကိုမှ သောက်သုံးမှုမရှိဘဲ စမ်းသပ်တဲ့အချိန်တိုင်းမှာ ပမာဏ ဝ ဒသမ၂၀ ရှိနေ တာကို တွေ့ရှိရပါတယ်။ နယူးယောက်ပြည်နယ်မှာ ကားမောင်းဖို့အတွက် သတ်မှတ်ထားတဲ့ အယ်လ်ကို ဟောပမာဏဟာ ဝ ဒသမ ဝ၈ သာဖြစ်ပါတယ်။
အူအချဉ်ဖောက် ရောဂါလို့လည်းခေါ်တဲ့ ရှားပါး တဲ့ ရောဂါကို ၁၉၇၀ ကျော်နှစ်တွေက ဂျပန်နိုင်ငံမှာ စတင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမေရိကန်မှ ဆေးဘက်နှင့် ဥပဒေကျွမ်းကျင်သူတွေအဆိုအရ ဒီ ရောဂါဟာ လူသိများလာတာကြောင့် အရက်မူးပြီး ကားမောင်းတဲ့အမှုတွေမှာ မကြာခဏ သက်သေ အဖြစ် အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ထောင်မကျအောင် လုပ်နိုင်တဲ့ နည်းလမ်းလို့ လူတွေက ထင်ကြပါတယ်။ ဒါပေမယ့် ဒီလောက်မလွယ်ကူပါဘူး။ တရားရုံးက တိကျတဲ့ စမ်းသပ်မှုတွေနဲ့ ရောဂါရှိကြောင်း သေချာမှ သာ လက်ခံတာပါလို့ ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂျိုနသန်တာလေက ပြောပါတယ်။
ဒီရောဂါမျိုးက အမေရိကန်မှာ ၂၀၁၃ ခုနှစ်က ပထမအကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဘာဘရာကော်ဒယ်ဆိုတဲ့ အသက် ၆၁နှစ်အရွယ်အမျိုးသားဟာ အရက် သောက်သုံးမှုမရှိဘဲ အရက်မူးဝေဒနာကို မကြာခဏ ခံစားခဲ့ရတာဖြစ်ပါတယ်။

ရှေ့နေမာယူဆက်ဟာ ကော်ဒယ်ကိုဆက်သွယ် ခဲ့ပြီး ကော်ဒယ်က ဒေါက်တာ အာနက်ကန်နိုဒီရာနဲ့ ဆက်သွယ်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်။ ဒေါက်တာရဲ့ စမ်းသပ်ချက်အရ အမျိုးသမီးမှာ အလိုအလျောက် အရက်ချက်ရောဂါရှိနေတယ်လို့သိရှိရပြီး ကာဗိုဟိုက် ဒရိတ်လျော့နည်းတဲ့အစားသောက်တွေကို စားဖို့ ဆေးညွှန်းပေးခဲ့ပါတယ်။ အခုအခါမှာ အမည်မဖော် လိုတဲ့ ထိုအမျိုးသမီးဟာ တားမြစ်ချက်မရှိဘဲ လွတ် လွတ်လပ်လပ်ကားမောင်းနိုင်ပြီလို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top