Healthy Life Ad
Life Style

မိတ်ဆွေတုကို ဘယ်တော့မှ မယုံလေနဲ့ . . .

စူး ( ဆေးဝါးတက္ကသိုလ် )

တစ်ခါတုန်းက ကိုကောင်းနဲ့ ကိုလူမော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ တောထဲကို လမ်းလျှောက်လာခဲ့ကြပါတယ်။ တောနက်ထဲက တစ်နေရာရောက်တော့ သူတို့ဆီကို အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာနေပြီဆိုတာ သူတို့ သိလိုက်ကြပါတယ်။ ဒါနဲ့ သူတို့နှစ်ယောက်ဟာ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံတွေ့ပါစေ၊ တစ်ယောက်ကို တစ်ယောက် မထားခဲ့ပါဘူးဆိုတဲ့ ကတိကို ပေးခဲ့ကြပါသတဲ့။

ရုတ်တရက် ချက်ချင်းဆိုသလို သူတို့ဆီကို ချည်းကပ်လာနေတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ကို ကောင်းနဲ့ ကိုလူမော် မြင်တွေ့ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာ အနားက သစ်ပင်ပေါ်ကို ကိုကောင်းက ချက်ချင်းဆိုသလို ခုန်တက်လိုက်ပေမယ့် ကိုလူမော်က သစ်ပင်ပေါ်ကို ဘယ်လို တက်ရမလဲဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ သူက ဉာဏ်ကောင်းတဲ့သူဖြစ်တော့ မြေပြင်ပေါ် ချက်ချင်းလှဲချလိုက်ပြီး အသက်မရှူဘဲ သေလူအဖြစ် ဟန်ဆောင်ခဲ့ပါတော့တယ်။

ဝက်ဝံက မြေပြင်ပေါ်လှဲနေတဲ့ ကိုလူမော်အနား ရောက်လာခဲ့တယ်။ သူက ကိုလူမော်ရဲ့ နားရွက် နားကပ်ပြီး အဲဒီနေရာကနေ ထွက်သွားတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝက်ဝံတို့မည်သည် သေနေတဲ့ သားကောင်ကို စားသောက်လေ့ မရှိတာကြောင့်ပါပဲ။
ဝက်ဝံလည်း ထွက်သွားရော သစ်ပင်ပေါ်က ကိုကောင်းက ဆင်းလာပြီး ကိုကောင်းကို မေးခဲ့တယ်။
” ဝက်ဝံက မင်းနားကပ်ပြီး ဘာပြောသွားတာလဲကွ ”
ကိုလူမော် ပြန်ဖြေလိုက်တာက-” မိတ်ဆွေတုကို ဘယ်တော့မှ မယုံလေနဲ့လို့ ဝက်ဝံက အကြံပေးသွားတာ “ ပါတဲ့။

Most Popular

Healthy Life Ad
To Top