Healthy Life Ad
Q & A

သားအိမ်ခေါင်းကင်ဆာ ဖြစ်ရသည်မှာ . . .

မေး – သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်လဲ သိချင်ပါတယ် ဆရာ။
Arpone (fb)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ –သားအိမ်ခေါင်းကင်ဆာ ဖြစ်တာက HIV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ရောဂါပိုး တစ်မျိုးကြောင့် ဖြစ်ရတာပါ။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရရင် ဖြစ်နိုင်ခြေရှိပါတယ်။ ဘယ်လိုလူမျိုးတွေမှာ သားအိမ်ခေါင်းကင်ဆာ ပိုအဖြစ်များသလဲဆိုရင် အသက်အရွယ် ငယ်ငယ်နဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေ၊ ကိုယ်က တစ်ယောက်တည်းနဲ့ လိင်ဆက်ဆံပေမယ့် ကိုယ်နဲ့ ဆက်ဆံသူက ပွေရှုပ်တဲ့သူ .. အဲဒီလို အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဒီရောဂါ ကာကွယ်ဖို့ဆိုရင် HIV ဗိုင်းရပ်စ်ပိုးနဲ့ ဝေးဝေး မှာနေရပါမယ်၊ လိင်ဆက်ဆံရာမှာ စည်းကမ်းရှိရပါမယ်၊ အိမ်ထောင်သည်တွေမှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးရပါမယ်၊ မရှောင်နိုင်လို့ ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးသုံးရပါမယ်။ အခုအခါမှာ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်တဲ့ ကာကွယ်ဆေး ပေါ်နေပါပြီ။ အဲဒီ ကာကွယ်ဆေးကို စပြီး လိင်ဆက်ဆံတဲ့ အချိန်ကတည်းက ထိုးနှံလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top