Healthy Life Ad
Life Style

ဖေ့စ်ဘွတ်ခ်သုံးချိန် လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ

သင်ရဲ့ ဖေ့စ်ဘွတ်ခ်သုံးချိန်ကို လျှော့ချနိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ဖေ့စ်ဘွတ်ခ်သုံးချိန်ကို မှတ်ထားပါ

သင် တကယ်ဖေ့စ်ဘွတ်ခ်သုံးတဲ့ အချိန်ကို သိအောင် မှတ်ထားသင့်ပါတယ်။ ကွန်ပျူတာမသုံးခင်မှာ ဘယ်လိုခံစားရတယ်၊ သုံးနေစဉ်မှာ ဘယ်လိုခံစား ရတယ် စတာတွေကိုပါ မှတ်ထားပေးပါ။ လူအများစုက ပျင်းရိတဲ့အခါ၊ ပူပင်သောက များတဲ့အခါနဲ့ အထီးကျန်တဲ့ အခါတွေမှာ ဖေ့စ်ဘွတ်ခ် သုံးလေ့ရှိပါတယ်။

(၂) ဖေ့စ်ဘွတ်ခ် အသုံးပြုမှုအတွက် အချိန်ကို ကန့်သတ်ထားရှိပါ

ဖေ့စ်ဘွတ်ခ်သုံးဖို့ တိကျတဲ့ အချိန်နာရီ (ဥပမာ-တစ်နာရီ)စသဖြင့် သတ်မှတ်ထားပါ။အချိန် တစ်နာရီ ပြည့်တာနဲ့ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပြီး လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သင့်ပါတယ်။

(၃) အနည်းဆုံး တစ်လတစ်ကြိမ် ဖေ့စ်ဘွတ်ခ်မသုံး ဘဲနေပါ

နိုးတဲ့အချိန်ကနေ အိပ်တဲ့အချိန်အထိ ဖေ့စ်ဘွတ်ခ်နဲ့ လုံးဝမထိတွေ့ဘူး ဆိုပြီး တစ်လမှာ အနည်းဆုံး တစ်ရက်ထားရှိပါ။

(၄) မျက်စိမှိတ်ပြီး အနားယူပါ

ဖေ့စ်ဘွတ်ခ်သုံးချိန် တစ်နာရီပြည့်တာနဲ့ ပြတင်းပေါက်က တစ်ဆင့် အဝေးကို မိနစ်အနည်းငယ် ကြည့်ပါ။ ဒီလိုလုပ်တာက ဦးနှောက်နဲ့ မျက်စိကို အနားပေးရာ ရောက်ပါတယ်။

(၅) လှုပ်ရှားမှု လုပ်ပါ

အလုပ်ထဲက သင့်ကိုယ်ပိုင် ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကိုဖွင့်ပြီး တစ်ချိန်လုံး ဖေ့စ်ဘွတ်ခ် သုံးမနေသင့်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ရအောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ထွက် လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၆) ဖုန်းပြောပါ

ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းနဲ့ တွေ့ဆုံပြီး စကားပြောတာထက် ဖုန်းနဲ့ သူငယ်ချင်းရဲ့ အသံကို ကြားရတာက ပိုပြီး ပျော်စရာကောင်းပါတယ်။ ဒါကြောင့် အပြင်မှာ တွေ့ကြဖို့ ချိန်းတဲ့အခါမှာ သူငယ်ချင်းကို ဖုန်းခေါ်ပြီး ပြောလိုက်တာက ပိုကောင်းပါတယ်။

(၇) ရည်ရွယ်ချက်တစ်ခုဖြင့် အင်တာနက် သုံးပါ

ဖေ့စ်ဘွတ်ခ်မသုံးခင်မှာ ဘာအကြောင်းကြောင့် ဖေ့စ်ဘွတ်ခ်သုံးမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိပါစေ။

(၈) သင်တစ်ဦးတည်း မဟုတ်ပါ

ဖေ့စ်ဘွတ်ခ်စွဲတာက သင်တင်မကဘဲ အခုအခါ လူအများစုမှာ ဖေ့စ်ဘွတ်ခ်စွဲလာတာကို တွေ့နေ ရပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလမ်းမှုကို ဖြည်းဖြည်းချင်း လျှော့ချသွားပါ။ တဖြည်းဖြည်းနဲ့ ဖေ့စ်ဘွတ်ခ်ကို ကောင်းကျိုးတစ်ရပ်လို အသုံးပြုတတ်လာအောင် ပြုပြင်ပြောင်းလဲသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top