Healthy Life Ad
International

အစာမချေနိုင်သည့် ရှားပါးရောဂါကြောင့် အစာတစ်ခါမှ မစားဖူးသော လေးနှစ်အရွယ်ကလေး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ ဟိုက်အရပ်မှာနေထိုင်တဲ့ အောက်ကလေလန်ဂရမ်ဆိုတဲ့ ကလေးငယ်ဟာ မွေးရာပါ လည်ချောင်းနာနဲ့ အစာအိမ်အချဉ်ဆန်တက်တဲ့ ရောဂါတို့ကြောင့် အစာမစားနိုင်တဲ့ ရှားပါးဝေဒနာတစ်ခုကို ခံစားနေရပါတယ်။

သူဟာ တစ်နေ့ကို အကြိမ်တစ်ရာခန့် အော့အန်နေတာကြောင့် ပုံမှန်အစာမစားနိုင်တော့ဘဲ သူ့ခန္ဓာကိုယ် အတွင်းကို အစာသွင်းပိုက်မှတစ်ဆင့် အာဟာရဓာတ်ကို ဖြည့်သွင်းရတယ်လို့ သိရပါတယ်။

3

မိခင်ရှာလင်းဟာ အောက်ကလေကို ၂၀၁၁ ခရစ္စမတ်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီး ရက်အနည်းငယ် အကြာမှာ ကလေးဟာ အစာကို ကောင်းကောင်းမစားနိုင်ပဲ နို့တွေပြန်အန်ထုတ်နေတာကို ရှာလင်း သတိပြုမိခဲ့ပါတယ်။ တစ်လသားအရွယ်မှာ ကလေးဟာ အသက်ရှူရပ်သွားခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။

အစာအိမ်ရောင်ရမ်းမှုကို တွေ့ရှိခဲ့ရပြီး ဆေးဝါးကုသမှုခံယူခဲ့ပါတယ်။ ရောဂါသက်သာခြင်းမရှိဘဲ နောက်လအနည်းငယ်အတွင်းမှာ ကလေးဟာ ဆေးရုံကိုတက်လိုက်၊ ဆင်းလိုက်လုပ်နေခဲ့ရပါတယ်။ နောက် ဆုံးမှာ ဆရာဝန်တွေက ကလေးကို အစာသွင်းပိုက် တပ်ဆင်ပေးခဲ့ရပါတယ်။ ဒီလို တပ်ဆင်ပေးခဲ့တာဟာ ကလေးရဲ့ရောဂါကို သက်သာစေခဲ့ပေမယ့်လည်း ကလေးရဲ့ကိုယ်လေးချိန်က တက်မလာခဲ့ပါဘူး။

4

တစ်နှစ်သားအရွယ်မှာ အောက်ကလေရဲ့ကိုယ်အလေးချိန်ဟာ မွေးကင်းစကလေးရဲ့ကိုယ်အလေး ချိန်လောက်သာရှိနေတာကြောင့် ဆရာဝန်တွေက သူရဲ့အစာအိမ်ဟာ အစာကို ဘာကြောင့်ငြင်းဆန် နေရသလဲဆိုတာကို ဆန်းစစ်ဖို့ ၁၁ နာရီကြာ ခွဲစိတ်မှုကိုပြုလုပ်ခဲ့ရပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့နို့ကို ကလေးရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို ရောက်ရှိစေဖို့ အထူးပြုလုပ်ထားတဲ့ ပြွန်တစ်ခုကို ဆရာဝန်တွေဟာ ကလေးရဲ့အူမှာ ချိတ်ဆက်ပေးခဲ့ပါတယ်။

ဒီခွဲစိတ်မှုကြောင့် ကလေးဆီကို အာဟာရဓာတ်ရောက်ရှိမှုကို အဆင်ပြေစေခဲ့ပေမယ့်လည်း ကလေးရဲ့အစာ မစားနိုင်တဲ့ရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေ မရှာနိုင်ခဲ့ပါဘူး။ ဆရာဝန်တွေဟာ ကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ရောဂါကို အောက်ကလေရောဂါဆိုပြီး အမည်ပေးခဲ့တယ်လို့ မိခင်ရှာလင်းကရှင်းပြပါတယ်။

ရှာလင်းတို့မိသားစုဟာ မိသားစုညစာစားချိန်မှာ အောက်ကလေအတွက် အထူးအစီအစဉ်တစ်ခုကို ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

5

“ကျွန်မတို့ဟာ မိသားစုညစာစားချိန်မှာ အောက်ကလေအတွက် ညစာကို အမြဲစီစဉ်ပေးပါတယ်။ သူရဲ့ညစာကတော့ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ အစာအတုတွေပါပဲ။ သူဟာ ဒီအစာတွေနဲ့ ဆော့ကစားရတာကိုနှစ်သက်သလို ကျွန်မတို့အတွက်လည်း ဒီလိုပြုလုပ်ပေးတာဟာ သူ့ကို မိသားစုဝင် တစ်ယောက်လိုခံစားမိစေပြီး နွေးထွေးမှုကို ရရှိစေချင်လို့ဖြစ်ပါတယ်”လို့ ရှာလင်းက ဆက်ပြောပြပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top