Healthy Life Ad
Life Style

အသည်းရောင်အသားဝါစီပိုး တစ်ကြိမ်တစ်ခါက ရှိဖူးလျှင်

ပါမောက္ခဦးခင်မောင်ဝင်း
(အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. စီပိုးကို အရင်ကုထုံးနဲ့ ကုထားပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စီပိုးပြန်ပေါ်လာလို့ ပြန်ကုမယ်ဆိုရင် ဘယ်ကုထုံးနဲ့ ကုရမှာပါလဲဆရာ။

ဖြေ. အမေရိကန်အစိုးရရဲ့လမ်းညွှန်ချက် (Guide Line) က ရှိပြီးသားပါ၊ စီပိုးမပျောက်ဘူးဆိုတာ မရှိပါဘူး၊ ကုချင်တာနဲ့ကုလာခဲ့ . . လုံးဝပျောက်ကင်းအောင် ကုနိုင်မယ့်ဆေးတွေ ရနေပါပြီ။ တစ်ခါမှမကုဖူးတဲ့သူ၊ ကုပြီးမပျောက်တဲ့သူ အားလုံးအတွက် ဘယ်လိုကုသရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီကုထုံးအတွက် ဆေးတွေအားလုံးကလည်း မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ ဈေးလည်းမကြီးပါဘူး၊ ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ်။ ဘယ်မှာမှ ကုလို့မပျောက်ဘူးဆိုရင် လာခဲ့ပါ၊ အကုန်လုံးကိုပျောက်အောင် ကုပေးပါမယ်။

မေး. Acti – HCV Positive ဖြစ်ရင် ဘာဆက်လုပ်သင့်ပါသလဲ ဆရာ။

ဖြေ. Acti – HCV Positive ဆိုတာ စီပိုးရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ အသည်းရောင်အသားဝါစီပိုး တစ်ကြိမ်တစ်ခါက ရှိဖူးတာကိုပြောတာပါ။ အဲဒီအခါ (HCVRNA) စီပိုးအကောင်ရေ စစ်ရပါမယ်။ပိုးအကောင်ရေမတွေ့ရင် ဘာမှဆက်မလုပ်ပါ၊ ၆ လတစ်ခါပြပါ။

ပိုးအကောင်ရေတွေ့ရင် အမျိုးအစား (Genotype) စစ်ရပါမယ်။ အမျိုးအစား ၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ ခွဲခြားမရ စတဲ့အမျိုးအစားတွေအနက် ၁၊ ၄၊ ၅၊ ၆၊ ခွဲခြားမရဖြစ်ရင် Harvoni ဆိုတဲ့ဆေးကို တစ်နေ့တစ်လုံး သုံးလသောက်ရပါမယ်။

ပိုးအမျိုးအစား ၂ အတွက် သီးသန့်ကုထုံး၊အမျိုးအစား ၃ အတွက် သီးသန့်ကုထုံးတွေ ရှိပါတယ်။

မေး. အသည်းရောင်အသားဝါစီပိုး ကူးစက်ပုံကိုလည်း သိပါရစေဆရာ။

ဖြေ. အတူတူနေထိုင်စားသောက်လို့ မကူးပါဘူး၊ လင်မယားကူးစက်မှုနှုန်း အရမ်းနည်းပါတယ်။ မိခင်ကနေ ကလေးဆီကူးစက်မှုနှုန်း နည်းပါတယ်။ သွေးနဲ့ထိမှပဲ ကူးပါတယ်။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်တံတွေကနေ ကူးပါတယ်။

မေး. အသည်းရောင်အသားဝါစီပိုး ရှိသူတွေက ဘာတွေကို ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. အချဉ်၊ သံပရာသီး၊ ရှောက်သီး၊ ကျွဲကောသီး စတာတွေကို ရှောင်ရပါမယ်၊ ဗီတာမင်စီ ရှောင်ရပါမယ်၊ သံဓာတ်၊ အသည်းအမြစ်ကလီစာ၊ သံဓာတ်ပါတဲ့အားဆေးတွေ ရှောင်ရပါမယ်၊ အဆီ၊ ဆီကြော်၊ ထောပတ် ရှောင်ရပါမယ်၊ အရက် ရှောင်ရပါမယ်။

စီပိုး မပျောက်ဘူးဆိုတာ မရှိပါဘူး၊ ကုချင်တာနဲ့ ကုလာခဲ့ . . လုံးဝပျောက်ကင်းအောင် ကုနိုင်မယ့် ဆေးတွေရနေပါပြီ …

Most Popular

Healthy Life Ad
To Top