Healthy Life Ad
International

ရှားပါးသော ဦးနှောက်ရေဝင်ရောဂါကြောင့် နှာခေါင်းထဲ တစ်သျှူးကြီးထွားလာသူလေး

၊ မိုးမင်းထွန်း ၊

အခုအခါ အသက် ၂၁လအရွယ်ရှိ အိုလီကို ဦးနှောက်ကကြီးထွားကာ ဦးခေါင်းခွံကနေ နှာခေါင်းထဲ ဝင်ရောက်တဲ့ ဦးနှောက်ရေဝင်ရောဂါနဲ့ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အိုလီ အသက်ရှူနိုင်စေဖို့ ဘာမင်ဟမ် ကလေးဆေးရုံမှာ နာကျင်တဲ့ ခွဲစိတ်ကုသမှု အမျိုးမျိုး ပြုလုပ်ခဲ့ရပါတယ်။

“အိုလီလေး ကြီးကျယ်တဲ့ခွဲစိတ်မှု လုပ်ရမှာကို သိပ်ကြောက်ခဲ့ပါတယ်။ သူက အထိအခိုက် မခံတော့ သူ့ကို ဆုံးရှုံးရမယ်ဆိုတဲ့ အတွေးတောင် မတွေးရဲခဲ့ဘူး၊ ဒါပေမဲ့ သူ့ကို မခွဲစိတ်ရင် ကူးစက်ပိုးဝင်နိုင်တယ်၊ ဦးနှောက် အမြှေးရောင်ရောဂါတောင် ရနိုင်တယ်လို့ ဆရာဝန်တွေက ရှင်းပြတာနဲ့ ခွဲစိတ်မှုကို လက်ခံခဲ့တာပါ”လို့ အိုလီရဲ့ မိခင်က ရှင်းပြခဲ့ပါတယ်။ အိုလီကိုယ်ဝန် ၂၉ပတ်မှာ အာထရာဆောင်း ရိုက်ခဲ့တဲ့အခါ အိုလီရဲ့မျက်နှာမှာ ကြီးထွားနေတဲ့ တစ်သျှုးပျော့လေးကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီအခြေအနေကို ထိတ်လန့်ခဲ့ပေမယ့် ၂၀၁၄ ဖေဖော်ဝါရီလမှာ ဝေလနယ်၊ ကာဒစ်ဆေးရုံမှာ အိုလီကို မွေးဖွားခဲ့ပါတယ်။

“မွေးပြီးတော့ အိုလီကို ကျွန်မဆီလာပေးတဲ့အခါ ကျွန်မစကားတောင် မပြောနိုင်တဲ့အထိ အလွန်အံ့အားသင့် သွားခဲ့မိပါတယ်။ သားလေးက အလွန်သေးငယ်ပေမယ့် သူ့နှာခေါင်းမှာ ဂေါက်သီးအရွယ်လောက်ရှိတဲ့ အဖုအလုံးက ရှိနေတယ်လေ၊ စစချင်း ကျွန်မကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းချုပ်ရမှန်းမသိပေမယ့် သူက ချစ်စရာကောင်းတယ်ဆိုတာ ကျွန်မသိခဲ့တယ်လေ” လို့ အိုလီရဲ့ မိခင်က ပြောပါတယ်။

နောက်ပိုင်းမှာ လျှပ်စစ်သံလိုက်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးခဲ့တဲ့အခါ အိုလီရဲ့နှာခေါင်းပေါ်ကအလုံး အဖုဟာ ဦးနှောက်ရေဝင်ရောဂါကြောင့်ဖြစ်တဲ့ မွေးရာပါ ချို့ယွင်းချက်ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီရှားပါးတဲ့ ရောဂါဟာ မွေးရာပါရောဂါဖြစ်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

“အိုလီရဲ့ အခြေအနေက အလွန်ရှားပါးပြီး ခွဲစိတ်မှုအောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်”

အိုလီကို နောက်ထပ် ခွဲစိတ်ကုသမှု လိုအပ်ပေမယ့် ဦးခေါင်းခွံ ဘယ်လိုဖွံ့ဖြိုးလာမယ်ဆိုတာ ဆရာဝန်တွေက စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top