Healthy Life Ad
Q & A

လူပြောများနေတဲ့ အာလူးစိမ်းဖျော်ရည် တကယ်ကောင်းရဲ့လား . .

မေး. အခုတလော အာလူးစိမ်းဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်လို့ ပြောကြလို့ပါ။ မှန်ပါသလားရှင့်။

သဲသဉ္စာလီ၊ ဗဟန်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အာလူးကတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ အင်တီအောက်ဆီးဒင့်လည်းပါတယ်၊ ဗီတာမင်လည်းပါတယ်၊ ဒါပေမဲ့ ဒီအာလူးစိမ်းဖျော်ရည်က တကယ်ကောင်းသလား၊ ဘယ်လို ကောင်းကျိုး တွေရှိတာလဲဆိုတာ စနစ်တကျ လေ့လာမှုမလုပ်ထားပါဘူး။ ဂျပန်တွေကပဲ အာလူးစိမ်းဖျော်ရည်သောက်ရင် ကောင်းတယ်ဆိုပြီး ပြောနေကြတယ်။ အသီးအနှံဖျော်ရည်တစ်ခုအနေနဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် သတ္တုရည်အနေနဲ့ ကျန်းမာရေးကောင်းကျိုးရှိတယ် ဆိုတာလောက်ပဲ ပြောနိုင်ပါသေးတယ်။ ဘာကောင်းကျိုး ရှိလဲဆိုတဲ့ တစ်ကမ္ဘာလုံးလက်ခံနိုင်တဲ့ လေ့လာမှုတော့ မရှိသေးပါဘူး။

Most Popular

Healthy Life Ad
To Top