Healthy Life Ad
Health Tips

နုံးချည့်ညောင်းညာသော ဝေဒနာအတွက် သဘာဝအိမ်တွင်းကုထုံးများ

စူး ( ဆေးဝါးတက္ကသိုလ် )

အဝလွန်တာ၊ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းနည်းပူဆွေးတာ၊ အိပ်ရေးပျက်တာ၊ စိတ်ဓာတ်ကျတာ၊ အရက်နဲ့ ကဖင်းသုံးစွဲမှုများတာ၊ ကိုယ်လက်လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်လုပ်တာ၊ လှုပ်ရှားမှုမရှိတာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်စားတာစတဲ့ အချက်တွေကြောင့် တစ်ကိုယ်လုံး နုံးချည့်ညောင်းညာတဲ့ ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခါ ဝေဒနာသက်သာစေဖို့ အောက်ပါအစား အသောက်တွေစားပေးပါ။

၁။ ပျားရည်၊ နွယ်ချိုထည့်ထားတဲ့ နွားနို့သောက်ပေးပါ။

၂။ ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပေးပါ။

၃။ ကြက်ဥပြုတ်၊ ဘဲဥပြုတ် စားပေးပါ။

၄။ မလိုင်မပါတဲ့ နွားနို့သောက်ပေးပါ။

၅။ ဂျင်ဆင်း မှီဝဲပါ။

၆။ အာလူး စားပါ။

၇။ ဟင်းနုနယ်ရွက်သုပ် စားပါ။

၈။ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

၉။ ခြေထောက်အောက်မှာ ဖက်လုံးခံပြီး အိပ်စက်အနားယူပါ။

၁၀။ မုန်လာဥနီ ဖျော်ရည်သောက်ပါ။

Ref: HD

Most Popular

Healthy Life Ad
To Top