Healthy Life Ad
Health Tips

ညဘက် အသားအရေ ထိန်းသိမ်းရာတွင် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အချက် ၆ ရပ်

လရိပ်မေ

အသက်ကြီးလာတဲ့အခါ လေထုညစ်ညမ်းမှု၊ နေဒဏ်နဲ့ တစ်နေ့တာ စိတ်ဖိစီးမှု စတာတွေကြောင့် အသားအရေ ထိခိုက်မှု ဖြစ်တတ်ပါတယ်၊ အသား အရေ အိုမင်းစေနိုင်ပါတယ်။ အသားအရေ အိုမင်းမှု မဖြစ်စေဖို့ ညဘက်မှာ သင့်တော်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုကို ပြုလုပ်ပေးရပါမယ်။

(၁) မိတ်ကပ်နှင့် အညစ်အကြေးများကို သန့်စင် ဖယ်ရှားပါ

မျက်နှာမသစ်ဘဲ တစ်ညလုံးနေတာကြောင့် ဆဲလ်တွေ ပြန်လည် ပြုပြင်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ ညဘက်ဟာ အသားအရေဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်ဖို့ မျက်နှာကို သေချာစနစ်တကျ သန့်စင်ပေးရပါမယ်။
မျက်နှာကို ညင်သာတဲ့ မျက်နှာသစ်ဆေး၊ ကြက်သီးနွေးရေ စတာတွေ သုံးပြီး အညစ်အကြေး နဲ့ အဆီတွေကို သန့်စင်ပေးရပါမယ်။ ထိခိုက်လွယ်တဲ့ အသားအရေရှိရင် အနံ့မပါဘဲ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းတဲ့ မျက်နှာသစ်ဆေးကို သုံးရပါမယ်။

(၂) မျက်နှာပေါင်းတင်ပါ

မျက်နှာ ပေါင်းတင်ပေးတာက ချွေးပေါက်တွေ ကို ပွင့်စေပြီး မျက်နှာပေါင်တင်ဆေးထဲမှာ ပါတဲ့ ဓာတ်တွေကို အရေပြားဆီ ကောင်းစွာ ရောက်ရှိသွား စေပါတယ်။ အလုပ်ရှုပ်တဲ့ နေ့တွေမှာ ညဘက်ဆိုရင် မျက်နှာပေါင်းတင် ပေးတာကြောင့် အသားအရေကို အေးမြစေပြီး စိတ်ကိုပါ အပန်းပြေစေပါတယ်။

(၃) ရက်တီးနွိုက်ခရင်မ် လိမ်းပါ

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာပေါ်ကို ရက်တီ နွိုက်ခရင်မ် နည်းနည်း လိမ်းပေးပါ။ ရက်တီနွိုက် ခရင်မ်ဟာ အသားအရေကို တောက်ပပြီး အနာ ကျက်စေပါတယ်၊ ချွေးပေါက်ပိတ်ဆို့မှုကို လျော့ပါးစေပြီး အသားအရေကို တင်းရင်းစေပါတယ်၊ ဒါ့အပြင် အရေပြားမှာ ကော်လာဂျင် အထွက်တိုးစေပါတယ်။

(၄) မျက်နှာနှင့် လည်ပင်းကို အစိုဓာတ်ထိန်းပါ

ညဘက်မှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းတာက အသားအရေမှာ လိုအပ်နေတဲ့ အစိုဓာတ်ကို ပြန်လည် အားဖြည့်ပေးပြီး အသားအရေကို တင်းရင်း စေပါတယ်။ ညလိမ်းခရင်မ် လိမ်းတာကြောင့် အသား အရေ နူးညံ့ပျော့ပျောင်း စေပါတယ်။
ညလိမ်းခရင်မ် ဝယ်တဲ့အခါ အညွှန်းကို ဖတ်ကြည့်ပါ၊ အင်တီအောက်ဆီးဒင့်၊ ပပ်တိုက်နဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ စတာတွေ ပါဝင်ရင် တစ်နေ့တာ မှာ ထိခိုက်နေတဲ့ အသားအရေကို ပြန်လည် ပြုပြင် ပေးနိုင်စွမ်း ရှိပါတယ်။

(၅) မျက်ဝန်းကို မမေ့ပါနှင့်

ညဘက် အသားအရေ ထိန်းသိမ်းတဲ့အခါ အိုင်းခရင်မ်ကို မဖြစ်မနေ ထည့်သွင်း အသုံးပြုသင့်ပါတယ်။ မျက်ဝန်းတစ်ဝိုက်ရှိ နူးညံ့တဲ့ အရေပြားကို စိုပြည်စေတဲ့အတွက် နုပျိုကြည့်ကောင်းစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ အိုင်းခရင်မ်ကလည်း မျက်အိတ် ဖောင်းအစ်မှုကို လျော့ပါးစေပါတယ်။ နိုင်ယာစင်နမိုက်ပါတဲ့ အိုင်းခရင်မ်ဟာ မျက်ဝန်းအစိုဓာတ်ကို ထိန်းပေးပြီး မျက်ဝန်းတစ်ဝိုက် အရေးကြောင်းတွေ မထင်အောင် ကာကွယ်ပေးပါတယ်။

(၆) စောစော အိပ်ရာဝင်ပါ

အိပ်စက်အနားယူတာက အသားအရေ ကျန်းမာရေးအတွက် ဘယ်လို အရေးပါတယ် ဆိုတာ သင်သိနားလည်မှာပါ။ အိပ်စက်တဲ့အခါ တစ်နေ့လုံး ထိခိုက်နွမ်းလျခဲ့တဲ့ အသားအရေကို ပြန်လည် ပြုပြင် ပေးနိုင်စွမ်းရှိပါတယ်။ ညဘက်မှာ ဆဲလ်တွေ အသစ် ပြန်ဖြစ်ပြီး အသားအရေ တင်းရင်း လှပစေပါလိမ့်မယ်။ အိပ်ရေးဝ၀ အိပ်တာကြောင့် ကြီးထွားဟော်မုန်း(HGH) အထွက်တိုးပြီး အရေပြား ဆွဲဆန့်နိုင်စွမ်းနဲ့ တင်းရင်းမှု ပိုရှိလာမှာပါ။
အိပ်ရေးဝ၀ မအိပ်ရင် အရေပြား ထိခိုက်စေ တဲ့ ကော်တီစောဟော်မုန်းအဆင့် မြင့်တက်လာပါ လိမ့်မယ်။

Most Popular

Healthy Life Ad
To Top