Healthy Life Ad
Local

မွေးဖွားခြင်းနှင့် အရေးပေါ် မီးယပ်ရောဂါများအတွက် ဗဟိုအမျိုးသမီး ဆေးရုံရှိ အရေးပေါ်ဌာနသို့ ၂၄ နာရီ အခမဲ့ လာရောက် ကုသနိုင်

ကိုယ်ဝန်ဆောင်မိခင်များ ဗိုက်နာခြင်း၊ ရေမြွှာပေါက်ခြင်း၊ သွေးဆင်းခြင်း စသည့် အရေးပေါ် ကိစ္စ ရပ်များအတွက် အရေးပေါ်ဌာနအား ၂၄ နာရီဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာဒေါ်ပပက ပြောကြားသည်။
“အရေးပေါ်ဌာနမှာ တာဝန်ကျတဲ့ အထူးကု ဆရာဝန်အဖွဲ့က ၂၄ နာရီ စောင့်ရှောက်ပေးနေပါတယ်။ သွေးဆင်းလို့ပဲလာလာ၊ ဗိုက်နာလို့ပဲလာလာ၊ ကလေးမွေးချင်လို့ပဲ လာလာ၊ မီးယပ်ရောဂါဖြစ်လို့ပဲ လာလာ အမျိုးသမီးတွေ အရေးပေါ် ကျန်းမာရေး ပြဿနာ ခံစားရချိန်မှာ ဗဟိုအမျိုးသမီး ဆေးရုံကြီးက နေ့စဉ် နေ့တိုင်း စောင့်ရှောက်ပေးနေပါတယ်”ဟု ဒေါက်တာဒေါ်ပပက ဆိုသည်။
Baho
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ပြင်ပလူနာကု ဌာနအနေဖြင့် အရည်အသွေးပြည့်ဝသော ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများက ပုံမှန် စစ်ဆေးပေးခြင်း၊ အခြေခံ ဓာတ်ခွဲစမ်းသပ်မှု ၉ မျိုး စစ်ဆေးပေးခြင်း၊ အာထရာဆောင်း ရိုက်ကူးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှု တားဆီးကာကွယ်ခြင်း၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ပုံမှန်ထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင် အားဆေးများ ဖြန့်ဝေခြင်း)၊ မီးယပ်ရောဂါဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း (သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ၊ ရင်သားကင်ဆာ ကာကွယ်ရေးလုပ်ငန်းများ၊ မီးယပ်ကင်ဆာရောဂါများ စစ်ဆေးပေးခြင်း၊ မိသားစု သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှုများ၊ မွေးဖွားပြီး လူနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ သားသမီးလိုချင်သူများ အတွက် စစ်ဆေးမှုလုပ်ငန်းများ၊ မီးယပ်ဆိုင်ရာ ဆီးရောဂါစစ်ဆေးမှုလုပ်ငန်းများ၊ ရိုးရိုးဓာတ်မှန်နှင် ့အာထရာဆောင်း ရိုက်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှုများ)၊ မွေးကင်းစ ကလေးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ (မွေးကင်းစ ကလေး ပုံမှန်စမ်းသပ် စစ်ဆေးပေးခြင်း၊ မွေးကင်းစကလေး အကြားအာရုံ စစ်ဆေးခြင်း၊ မွေးကင်းစ ကလေးများကို တိုးချဲ့ ကာကွယ်ဆေးထိုးခြင်း) စသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

Most Popular

Healthy Life Ad
To Top