Healthy Life Ad
Life Style

စိတ်ကျရောဂါအတွက် ကုသမှုခံယူခဲ့ရသည့် နာမည်ကျော်များ

၊ သဒ္ဒါထက် ၊

စိတ်ဓာတ်ကျလာပြီး တမှိုင်မှိုင် တတွေတွေနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ မစားနိုင်၊ မအိပ်နိုင်၊ ဘာအလုပ်မှ မလုပ်နိုင်တဲ့အထိဖြစ်လာရင် ဆေးကုသမှု ခံယူသင့်နေပြီဖြစ်ပါတယ်။ စိတ်ကျရောဂါဝေဒနာ လက္ခဏာက သင်တစ်ယောက်တည်းမှာ ဖြစ်တာမဟုတ်ပါဘူး။ နာမည်ကျော်မင်းသား၊ မင်းသမီးမှာတောင် ဖြစ်တတ်တဲ့ဝေဒနာပဲ ဖြစ်ပါတယ်။

– ရှရွတ်ခန်း

Untitled-7

ယုံချင်ယုံ၊ မယုံချင်နေလို့ ဆိုရမလိုပါပဲ။ ရှရွတ်ခန်းဟာ ပခုံးထိခိုက်ဒဏ်ရာရတဲ့အတွက် စိတ်ဓာတ်ကျရောဂါ ဝေဒနာရခဲ့ဖူးပါတယ်။ ၂၀ဝ၈ ခုနှစ်က ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်မှာ ပခုံးအရွတ်ပြဲသွားခဲ့တဲ့အတွက် ရှရွတ်ခန်းဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာကျင်မှုတင်မက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကိုပါ အများကြီး ခံစားခဲ့ရပါ တယ်။ ဆေးကုသမှု ကောင်းစွာ ခံယူနိုင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ သူဟာ ဇာတ်ကားကောင်း များစွာကို ဆက်လက်ရိုက်ကူးနိုင်ခဲ့သူပါ။

– ဂျနီဖာအနစ္စတန်

Untitled-8

ဂျနီဖာအနစ္စတန်က ခင်ပွန်းဖြစ်သူ ဘရက်ပစ်နဲ့ လမ်းခွဲပြတ်စဲခဲ့ပြီးနောက် အသည်းကွဲဝေဒနာအတွက် လေးနှစ်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ စိတ်ကုထုံး ပညာရှင်ရဲ့အကူအညီနဲ့ သူဟာအလွန်မင်းစိတ်ထိခိုက် ဒေါသထွက်တဲ့ ဝေဒနာကို ကျော်လွှားနိုင်ခဲ့ပါတယ်။

– ဝေလမင်းသမီး ဒိုင်ယာနာ

Untitled-9

အခုတော့ သူမရှိတော့ပါဘူး။ ဒိုင်ယာနာ အသက်ရှင်စဉ်က ခင်ပွန်းဖြစ်သူ မင်းသားချားလ်စ်နဲ့ အဆင် မပြေခဲ့တဲ့အတွက် စိတ်ကျရောဂါဝေဒနာလက္ခဏာ၊ အစာလျှော့လွန်ဝေဒနာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာ ကျင်အောင်လုပ်လိုတဲ့ စိတ်ဝေဒနာ စတာတွေကို ခံစားခဲ့ရပါတယ်။ ဒါတွေကို ဆေးကုသကာ ကျော်လွှားနိုင် ခဲ့ပြီး တခြားသူတွေကို ကူညီဖေးမနိုင်ခဲ့တဲ့အတွက် သူ မကွယ်လွန်ခင်မှာ လူသားဆန်တယ်ဆိုတဲ့အသိအမှတ် ပြုခြင်းခံခဲ့ရသူပါ။

(Ref;DC)

Most Popular

Healthy Life Ad
To Top