Healthy Life Ad
Q & A

သကြားကို ကျန်းမာရေးဆိုးကျိုးမဖြစ်အောင် ဘယ်လောက်စားနိုင်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

မေး။ သကြားက မကောင်းဘူးလို့ ပြောသံကြားဖူးလို့ပါ။ ကျွန်မတို့လို ၂၀ ကျော်အရွယ်တွေဆိုရင် သကြားကို ရှောင်သင့်နေပြီလား၊ ဘယ်လောက်ပမာဏအထိ စားလို့ရပါသလဲရှင့်။
မီမီထွေး၊ လှိုင်မြို့နယ်။

ဖြေ။ သကြားကတော့ တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပါပဲ။ လူတစ်ယောက်က တစ်နေ့မှာ ပုံမှန်အားဖြင့် သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက် ပိုမစားသင့်ပါဘူး။ အများအားဖြင့် လူတွေက ကော်ဖီဖျော်သောက်ရင် သကြားထည့်သောက်တတ်ကြ တယ်။ ကော်ဖီတစ်ခါသောက်ရင် သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပဲ ထည့်သောက်သင့်ပါတယ်။ အဲဒီလိုသောက်တဲ့သူတွေမှာတောင် ကော်ဖီကို တစ်နေ့ နှစ်ကြိမ်သောက်ရင် သကြားကို လက်ဖက်ရည်ဇွန်း လေးဇွန်းလောက် ထည့်သောက်မိသွားတတ်ပါတယ်။ တကယ်လို့ သကြားပါတဲ့ ကွတ်ကီးမုန့်တွေ၊ မုန့်အချိုတွေပါ တွဲစားမိသွားရင် သကြားကို လိုတာထက် ပိုစားမိသွားပါတယ်။ ဒီလိုတွေ ရေရှည်စားတာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

လူတွေက သကြားကို အသီးအနှံ၊ အရွက်တွေကနေ သွယ်ဝိုက်ပြီး ရနေပါတယ်။ အဲဒီလိုရနေတဲ့ အတွက် သကြားပါတဲ့ မုန့်တွေ၊ ကော်ဖီတွေကို အများကြီးတော့ မစားသောက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top