Healthy Life Ad
International

ကျောင်းဘတ်စ်ကား အတိုက်ခံရသောသမီးကြောင့် ရင်ကွဲနာကျသည့်မိခင် သတိလစ်မေ့မျောသွား

၊ မိုးမင်းထွန်း

အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ်သမီးအရွယ် လေးတန်းကျောင်းသူ ရာကယ်လီဒေးဗီးစ် ဟာ ကျောင်းသို့ လမ်းလျှောက်သွားစဉ် ဘတ်စ်ကားအတိုက်ခံခဲ့ရပါ တယ်။ မျက်မြင်သက်သေတွေအဆိုအရ ရာကယ်လီဟာ လမ်းကိုဖြတ်ကူးစဉ် အရှိန်နဲ့ကွေ့လာတဲ့ ကျောင်းဘက်စ်ကားနဲ့ အတိုက်ခံရတယ်လို့ ဆိုပါတယ်။ ရာကယ်လီကို ဆေးရုံသို့အရေးပေါ်တင်ခဲ့ရကာ သူ့မိခင်ဟာ အဲဒီသတင်းကို ကြားကြားချင်း လဲကျခဲ့ပြီး သတိလစ်မေ့မျောသွားခဲ့တယ်လို့ သိရပါတယ်။ သူဖြစ်ပျက်ခဲ့တာကတော့ နှလုံးကို ရုတ်တရက်ဖိအား သက်ရောက်တဲ့ အခြေအနေ အရပ်အခေါ် ရင်ကွဲနာကျတာပဲဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း သူ့နှလုံးရဲ့ လုပ်ဆောင်မှုဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါလို့ သူရဲ့ခဲအို ဒန်နီဒေးဗီးစ်က ပြောပြပါတယ်။လီဆာကို အန်ပိုရီဆေးရုံအရေးပေါ်ကုသဆောင်မှာ တင်ထားရပြီး သူရဲ့သမီးရာကယ်လီကလည်း ကား တိုက်မိတဲ့အရှိန်ကြောင့် သတိလစ်မေ့မျောနေတဲ့အတွက် အီကယ်စတန်ဆေးရုံမှာတင်ထားရပါတယ်။

ရာကယ်လီနဲ့ပတ်သက်ပြီး ဆရာဝန်တွေ စိုးရိမ်နေတာက ကလေးရဲ့ဦးနှောက်မှာ ဖိအားတိုးနေတဲ့ အခြေအနေပါပဲ။ သူတို့ဟာ ကလေးရဲ့ မုန့်ချိုအိတ် အစိတ်အပိုင်းနဲ့ သရက်ရွက်ကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေက ကလေးကို ပုံမှန်အခြေအနေရောက်အောင် မလုပ်ဆောင်နိုင်ခဲ့သေးပါဘူးလို့ ဒန်နီဒေးဗီးစ်က ဆက်ပြောပါတယ်။လီဆာတို့မိသားစုဟာ လူနာနှစ်ယောက်ကို အချိန်ကြာကြာ ဆေးရုံတင်ထားရမယ့် အခြေအနေကြောင့် ငွေကြေးအခက်အခဲ ကြုံတွေ့နေရပါတယ်။ဒန်နီဒေးဗီးစ်ဟာ အလှူခံတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ပြုလုပ်ထားပြီး လူနာတွေရဲ့နောက်ဆုံးအခြေအနေကို အချိန်နဲ့ တစ်ပြေးညီ တင်ထားကာ အကူအညီရရှိဖို့ ကြိုးစားနေပါတယ်။

သူတို့မိသားစုဟာ တခြားကလေးနှစ်ယောက်ကို ဂရုစိုက်နေရပြီး ဖခင်ကတော့ ဆေးရုံနှစ်ခုကို တစ်လှည့်စီ သွားရောက်နေရတယ်လို့ ဆိုပါတယ်။အခုအခါ လူနာတွေရဲ့အခြေအနေဟာ အကောင်းဘက်က ိုရောက်ရှိလာပြီလို့ သိရပါတယ်။လီဆာဟာလွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့က စတင်သတိရလာပြီး စကားပြောနိုင်လှုပ်ရှား လာနိုင်ပါပြီ။ ရာကယ်လီလည်း မကြာခင်မှာ သက်သာလာနိုင်တယ်လို့ ဆရာဝန်တွေက မျှော်လင့်နေပါတယ်။ အိမ်နီးနားချင်းတွေကတော့ အခင်းဖြစ်ပွားရာလမ်း ဆုံဟာ အန္တရာယ်များပြီး ဒီအဖြစ်အပျက်ကြောင့် အာဏာပိုင်တွေက ပိုအန္တရာယ်ကင်းတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။
( Ref;FoxNews )

Most Popular

Healthy Life Ad
To Top