Healthy Life Ad
Child

လက်မှာ ဖြစ်တတ်သည့် ယားနာများ

ဒေါက်တာမြတ်စန္ဒာကျော် (ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး)

မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. လက်မှာယားနာဖြစ်တဲ့အခါ ဘာတွေကို ဆင်ခြင်ရမလဲ ဆရာမ။

A. လက်မှာ ယားနာဖြစ်တဲ့အခါ ဆပ်ပြာနဲ့ရေကို လျှော့ကိုင်ရပါမယ်။ ဆပ်ပြာနဲ့ ရေက အရေပြားရဲ့ ခံနိုင်ရည်ကို ကျဆင်းစေပါတယ်။ အရေပြားထိခိုက်လွန်းတာ၊ ပွတ်တိုက်မိလွန်းတာ၊ ဖိခံရတာ၊ တုန်ခါမှုခံရလွန်းတာ၊ ကျောက်ပတ်တီး ကိုင်ထားသလို ပိတ်ထားတာတွေက အရေပြားကို တုန့်ပြန်လွယ်စေပါတယ်။ အသက်ငယ် လွန်းတာ၊ အသက်ကြီးလွန်းတာ၊ နှင်းခူဖြစ်ဖူးတာတွေက ယားနာကို ပိုဆိုးစေတဲ့အရာတွေ ဖြစ်ပါတယ်။

Q. လက်မှာ ဝဲပေါက်တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာမ။

A. ဝဲဆိုတာ Mite Sarcoptes scabiei ပိုးကောင် လေးတွေကြောင့် ရောဂါ ဖြစ်တာ ပါ။ဘယ်လို ကူးသလဲဆိုတော့ အရေပြားချင်းထိကပ်တဲ့အခါ၊ ဝဲရှိသူ သုံးထားတဲ့ အသုံးအဆောင်ပစ္စည်းကို သုံးမိတဲ့အခါ ကူး တတ်ပါတယ်။ ဝဲကတော့ လူမျိုးမရွေး၊ အသက်မရွေး ဖြစ်တတ်ပါတယ်။ လူထူထူစုထားတဲ့နေရာတွေ စာသင်ကျောင်းတွေ၊ မိသားစုတွေကြားထဲမှာ ဖြစ်နေတတ်ပါတယ်။ စထိတွေ့ချိန်ကစရင် ယားလာဖို ့ တစ်လ၊ တစ်လခွဲ လောက်ကြာပေမယ့် ပျောက်ပြီးသားလူ ပြန်ဖြစ်ရင်တော့ သုံးလေးရက်ပဲ ကြာပါ တယ်။ မိသားစုထဲမှာ လူတစ်ယောက်က ရောဂါဖြစ်ပြီး ကုထားတယ် ဆိုပါစို့၊ ကျန်တဲ့သူတွေက မယား သေးဘူးဆိုပေမယ့် ရောဂါရှိနေတတ်တယ်။ ဝဲရှိနေသူ တစ်ဦးတည်းကုလိုက်ရင် ကျန်တဲ့သူတွေက နောက်မှ တစ်ဖြေးဖြေးယားလာပြီး ပထမလူကို လေးရက်လောက်အတွင်း မြန်မြန် ပြန်ကူးပြန်ရော၊ ဒီလိုနည်းနဲ့ အတူနေ တစ်မိသားစုလုံး ဝဲကူးသွားပြီး ဝဲသံသရာမှာ လည်နေတတ်တယ်။

Q. ဝဲကို မကုတာကြောင့် ဘယ်လို ခံစားရတတ်ပါသလဲ ဆရာမ။

A, ညဆို ယားတာ ဝဲရောဂါ ၊ ဒိုးပါတ်ကသလိုကုတ်ရတာလို ့ဆရာမက စာသင်ပေးပါတယ်။ အရေပြားမှာ အနီဖု၊ အရည်ကြည်ဖုလေးတွေ၊ ကုတ်ရာလေးတွေ တွေ့ရတတ်တယ်။ ကုတ်လွန်းလို့ အမာရွတ်တွေ ဖြစ်လာပါတယ်၊ ပြည်တည် ပိုးဝင်တတ်ပါတယ်။ ကလေးတွေဆို ကျောက်ကပ်ရောင်ကြရှာတယ်။ အဖြစ်များတဲ့သူတွေကတော့ အသက်ကြီးသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ကိုယ်ခံစွမ်းအားကျသူတွေပေါ့။ သန့်သန့်ရှင်းရှင်းမနေတတ်တဲ့ ကလေးတွေဆို ဖြစ်မှဖြစ်ပဲ။ ဝဲရှိသူက ဝဲမရှိသူကို ကူးတာက ဝဲပိုးက အဝတ်အစား၊ အိပ်ရာခင်းနဲ့ အသုံး အဆောင် ပစ္စည်းပေါ်မှာ နှစ်ရက်- သုံးရက်လောက် နေနိုင်တယ်။ ကူးစေပါတယ်။

Q. ကြည့်ရုံနဲ့ ဝဲမှန်း သိနိုင်ပါသလား ဆရာမ။

A. လက်ဘေးတစ်စောင်းနေရာလေးတွေမှာ ဝဲလမ်း ကြောင်းလေးတွေ ရှိနေတတ်တယ်။ အပ်လေးနဲ့ ယူကြည့်ပြီး မိုက်ခရိုစကုပ်နဲ ့ကြည့်ရင် ဥလေးတွေ၊ Mite ပိုးလေးတွေ တွေ ့ရတယ်။

Q. ဝဲကို ကုလို့ ရပါသလား ဆရာမ။

A. ရတာပေါ့။ လိမ်းဆေးတွေ၊ စားဆေးတွေရှိတယ်။ အားလုံးသိတဲ့ ကျြခဘေင အရည်ကလည်း ဝဲလိမ်းဆေး တစ်ခုပဲ။ ဒါပေမဲ့ ပြည်တည်ပိုးဝင်နေတဲ့ အချိန် လိမ်းမိရင် စပ်ပြီး၊ ပိုကုတ်ရာက အရေပြားရောင်လာ တတ်တယ်။ ဝဲကိုကုတဲ့အခါ သန့်ရှင်းသေချာကုပါမှ၊ တစ်အိမ်လုံးလည်း ကုပါမှ၊ တစ်ကျောင်းလုံးလည်း ကုပါမှ တစ်ချိန်တည်း လည်း ကုပါမှ ဝဲပျောက်မှာပါ။ ဝဲပေါက်တဲ့သူရဲ့ အဝတ်အစားတွေကို ရေနွေး လောင်းချပြီး လျှော်သင့်ပါတယ်။ ဝဲလိမ်းဆေးကို လည်ပင်းအောက်ကစပြီး လိမ်းရမယ်။ ဦးခေါင်း၊ လည်ပင်းအထက်မှာ ဝဲဖြစ်ခဲတယ်။ ဝဲဆေးကို မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ထဲ မဝင်အောင် သတိထားရမယ်။ ဝဲလိမ်းဆေးကို တစ်ခါတည်း ဆေးလိမ်းရုံနဲ့မ ပျောက်နိုင်ပါဘူး၊ ဝဲပျောက်ရင်တောင် လအတော် ကြာ ယားနေတတ်တယ်။ အယားပျောက်ဆေးတွေ ဆက်လိမ်းရပါမယ်။

Q. ဝဲကို ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာမ။

A. သန့်သန့်ရှင်းရှင်းနေရမယ်။ အဝတ်အစား၊အသုံးအဆောင် ၊ အိပ်ရာခင်း အတူတူတွဲ မသုံးသင့်ပါဘူး။

Q. လက်ချောင်းခြေချောင်းမှာဖြစ်တဲ့ သဲဝဲအကြောင်း သိပါရစေ ဆရာမ။

A. ပွေးဆိုတာ အရေပြားကို မှိုပိုးဝင်တာကိုခေါ်တာ။ ပွေးက အကြေးလေးတွေ အထပ်ထပ်ရှိ နေတတ်ပါတယ်။ အနီရောင် အကွင်းလေးဖြစ်နေပြီး ဘေးက အနားလေးထူနေတတ်တယ်။ ခေါင်းမှာဖြစ်ရင် ဒက်လို့ခေါ်ပြီး ခြေချောင်း၊ လက်ချောင်းကြားမှာဖြစ်ရင် သဲဝဲရေဝဲလို့ ခေါ်ပါတယ်။ ဆိုးတာက လက်နဲ့ကုတ်ရင် လက်သည်းကို ကူးတယ်။ အရေပြားပွေး၊ ဒက်ကကုရင် တစ်လ လောက်ပဲ။ ဒါပေမဲ့ လက်သည်းမှို၊ ခြေသည်းမှိုက တော့ ကုရင် ခြောက်လ၊ တစ်နှစ်လောက်ကြာတယ်။ ခြေထောက်မှာ မှိုဝင်တာ၊ အားကစားသမားတွေ စို နေတဲ့ခြေစွပ်အိတ် တွေ အစီးများရင်ဖြစ်တယ်။ မိုးတွင်းမှာ ဖိနပ်အထူအပိတ်ကြီးတွေ စီးတဲ့သူတွေ ခြေသည်းမှိုစွဲတတ်တယ်။ ဒါကြောင့် ခြေသည်း၊ လက်သည်းညှပ်ရင် မှိုဝင်တဲ့ခြေသည်းညှပ်၊ လက်သည်း ညှပ်ကို သပ်သပ်ခွဲထားရမယ်။

ပွေးက အရေပြားမှာ ဖြစ်ရင် Ketoconazole, Clotrimazole လိမ်းဆေးတွေ လိမ်းရမယ်။ အဲဒီ့ ဆေးတွေကို အရောင်ကျစေတဲ့ ဃူသဘနအဖေသူနယ နြအောနအျေ့သညန ဆေးတွေနဲ့ ရောထား ရင် ခဏတော့ အယားသက်သာစေပြီး၊ အရောင်ကျသွား၊ မှိန်သွားပေမယ့် အရောင်ကျဆေးတွေ ကြောင့် အရေပြားရဲ့ ကိုယ်ခံစွမ်းအားကျသွားရာက ပြန်ဖြစ်ရင် ပိုဆိုးတတ်တယ်။ အရောင်ကျဆေး တွေက ဆိုးကျိုးများတယ်။ တချို့ဆို အရေပြား ပြည်တည်နာတွေ ဖြစ်တတ်တယ်၊ အရေပြား အရောင်ဖြူသွားတတ်တယ်၊ ပေါင်မှာရှိတဲ့ ပွေးကို ဆေးလိမ်းရင်း ပွေးမပျောက်ဘဲ အစင်းကြောင်း အနီကြီးတွေ ဖြစ်လာတဲ့ လူနာတွေရှိတယ်။ ဘယ်တော့မှ မပျောက်တဲ့ အစင်းတွေပဲ။ ဒါကြောင့် ဆေးမြီးတိုနဲ့ ပျောက်သယောင် တကယ်ကျတော့ မလွယ်ပေါင်လို့ မှတ်ရမယ်။ မထိတထိ ဆေးကုရင် တကယ်ကုတော့ မပျောက်ချင်၊လို့လည်း မှတ်ရမယ်။ ဆေးမှန်ရင်တောင် ဆေး ပတ်လည်အောင် မလိမ်းရင် မပျောက်ဘူး၊ ဆေးပတ်လည်ဖို ့က အရေပြားလုံးဝကောင်းပြီး နှစ်ပတ်အထိ လိမ်းရမယ်။ လိုအပ်ရင် ဆရာဝန်နဲ့ပြသပြီး စားဆေးသောက်ရမယ်။ စားဆေးသောက်မယ်ဆိုရင် အသည်း လုပ်ငန်း နဲ့ ကျောက်ကပ်လုပ်ငန်းကောင်းဖို လိုတယ်။ စစ်ဆေးထားသင့်တယ်။

လက်က အရေပြားယားနာတွေကို ပွတ်တိုက်ပြီး ပျောက်အောင်လုပ်တာ၊ စားသွားစေတဲ့ ဆေးတွေ လိမ်းတာ ကလည်း မပျောက်ဘဲ၊ အမာရွတ်ကျန်ပြီး ပိုဆိုးသွားတာ တွေ ့ဖူးတယ်။ လိမ်းလိုက်ရင် စပ်ပြီး နီရဲလောင်စေတဲ့ ဆေးတွေ၊ ဆေးရည်တွေက ပွေး ဆေး မဟုတ်ပါဘူး။ အရေပြားကို ဖျက်ဆီးတာပဲ။ နောက်ဆုံးတော့ စနစ်တကျ ကုမှသာ ပွေး၊ ဒက်ရောဂါ ပျောက်တော့မှာ၊ သန့်သန့်ရှင်းရှင်းနေပါလား၊ ပြန်ဖြစ်တာကို ကာကွယ်ထားလို့ မှတ်ထားရမယ်။

အရေပြားဆိုတာ မြင်နေရတော့ ယားတာနဲ့ ကုတ်ကြတယ်။ ဒါကြောင့် ရောဂါ အမျိုးမျိုးဝင်တတ်တယ်။ ဒါကြောင့် ပုရွက်ဆိတ်အုံ တုတ်နဲ့ တို့သလို ကုတ်ရင် ယားတဲ့ ဓာတ်က ပိုဆိုးပါတယ်။ ယားတဲ့အခါ ရေအေး ဖတ်လေးတင်ရင် အေးတော့ အယား သက်သာသွားတယ်။ သနပ်ခါးလိမ်းရင်လည်းအယား သက်သာသွား ပါတယ်။

Most Popular

Healthy Life Ad
To Top