Healthy Life Ad
Q & A

ဆီးသွားပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း မောမောနေလျှင်

မေး. ဆီးသွားပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း မောမောနေပါတယ်။ ဘာလုပ်သင့်ပါသလဲ ဆရာ။
ထက်မြက်၊ အင်းစိန်။

ပါမောက္ခဦးကိုကို
ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးမှ ဖြေကြားသည်

ဖြေ. ဆီးသွားပြီးတိုင်း မောတယ်ဆိုရင် ဆီးချိုရောဂါများ ရှိသလား၊ သွေးချိုများ ရှိသလားဆိုတာ သွေးကို ဖောက်စစ်ကြည့်ဖို့ လိုပါတယ်။ ပြီးတော့ ဆိုဒီယမ်၊ ပိုတက်စီယမ် အစရှိတဲ့ ဓာတ်ဆားတွေ နည်းနေသလား ဆိုတာ စစ်ကြည့်ရပါမယ်။
ဝမ်းသွားပြီးတိုင်း မောတယ်ဆိုရင် ဝမ်းတအားချုပ်လို့ ညှစ်သွားတာကြောင့် မောတာလား ဒါမှမဟုတ် ဝမ်းထဲ သွေးပါသလား ဆိုတာ မေးရပါတယ်။ အစာအိမ်သွေးယိုရင် ဝမ်းထဲသွေးပါပြီး မောတတ်ပါတယ်။ မောတဲ့ လူတိုင်းက နှလုံးအတွက် ECG ရိုက် တာ၊ ကျောက်
ကပ်အတွက် ခရစ်ယာတနင်း ဖောက်စစ်တာ၊ အဆုတ်အတွက် ရင်ဘတ်ဓာတ်မှန် (Chest X- ray) ရိုက်တာ၊ သွေးအားနည်းတဲ့ ရောဂါအတွက် သွေးစစ်တာတို့ လုပ်ရပါတယ်။ ဒါမှသာ ဘာကြောင့် မောသလဲဆိုတာ အဖြေ ရှာနိုင်မှာပါ။ အဲဒီ ရလဒ်အပေါ် မူတည်ပြီး
လိုအပ်သလို ဆေးကုသမှု ဆက်လက်ခံယူရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top