Healthy Life Ad
Q & A

ပါးစပ်တစ်ဝိုက်မှာ ပေါက်တဲ့ အအေးနာဆိုတာ . . .

ဒေါက်တာမြတ်စန္ဒာကျော်

ပါမောက္ခ၊အရေပြားအထူးကု ဆရာဝန်ကြီး၊  မြောက်ဥက္ကလာပဆေးရုံကြီး။

Q. ကျွန်မပါးစပ်တစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေ ခဏခဏပေါက်တတ်ပါတယ်။ ပေါက်လိုက်၊ ပျောက်လိုက်၊
ပြန်ပေါက်လိုက်နဲ့ စိတ်ညစ်လွန်းလို့ နီးစပ်ရာ ဆရာဝန်နဲ့ပြကြည့်တော့ အအေးနာလို့ သိရပါတယ်။ အအေးနာဆိုတာ ဘာကိုခေါ်ပါသလဲရှင့်။

နီနီခင်၊ကျောက်ပန်းတောင်း။

A. အအေးနာဆိုတာ နှုတ်ခမ်းနဲ ့ ပါးစပ်တစ်ဝိုက် အရည်ကြည်ဖုလေးတွေ ဖြစ်တာကို ဆိုလိုပါတယ်။ အောက်ခံအရေပြားက နီနေတတ်ပါတယ်။ အဖျား အရည်ကြည်ဖု (Fever Blisters) လို့လည်း ခေါ်ပါ တယ်။ တော်တော်နာပြီး နည်းနည်းယားတတ်တယ်။ အနာကျက်ခါနီးမှာ ခြောက်သွေ့နေတတ်ပြီး အကြေးခွံလေး ဖြစ်တတ်ပါတယ်။  မကြာမကြာ ပြန်ဖြစ်တတ်တယ်။ ကျင်သလိုလို တစ်မျိုးမျိုးခံစားရပြီးမှ ဖြစ်လာတတ်ပါတယ်။

၏အအေးနာ (Cold sores)က ရေယုန်ဖြစ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပါတယ်။ ကူးစက်တတ်ပါတယ်။ နမ်းရင်၊ ပန်းကန်၊ မျက်နှာသုတ်ပုဝါ စတာတွေကို အတူသုံးရင် ကူးတတ်ပါတယ်။ အနာဖြစ်နေတဲ့ အချိန်မှာ အကူးစက်နိုင်ဆုံးပါပဲ။ လက်ကို သေသေချာချာ ဆေးဖို့လိုအပ်ပါတယ်။

ပထမတစ်ခါ စကူးပြီး နှစ်ရက်ကနေ ရက် ၂၀ လောက်မှာ စဖြစ်တတ်တယ်။ ရေယုန်ဗိုင်းရပ်စ်ကု ဆေးလိမ်းရမယ်။ ထူးခြားတာက ဗိုင်းရပ်စ် ကုလိမ်း ဆေးက တစ်နေ့ ငါးခါလောက်လိမ်းရတယ်။ ရေယုန် ဗိုင်းရပ်စ် ပျောက်ဆေးသောက်ရမယ်။ စားဆေးက ပိုပြင်းထန်ရင် အလွန်အသုံးဝင်ပါတယ်။ အကိုက် အခဲသက်သာစေမယ့် ဆေးတွေလည်း သောက်ရပါ တယ်။ နှစ်ပတ်- သုံးပတ်လောက် ကြာတတ်ပါတယ်။ သူ့အလိုလို ပျောက်တတ်ပေမယ့် ပြန်ပေါက်တတ်ပါ တယ်။

Most Popular

Healthy Life Ad
To Top