Healthy Life Ad
International

သူငယ်ချင်းက မျက်စဉ်းနှင့် ကော်လွဲမှားခတ်ပေးပြီးနောက် မျက်စိကပ်သွားရရှာ

၊ ZKO.၊

မတော်တဆ ဖြစ်ရပ်တစ်ခုဆိုပေမယ့် တကယ့်လက်တွေ့မှာ ငိုအားထက် ရယ်အားသန်ရမလိုပင်။ ABCမှတ်တမ်းအရ ကလေးနှစ်ဦးမိခင် ဖလော်ရီဒါ အမျိုးသမီးကက်သရင်းဟာ သူ့သူငယ်ချင်းက မျက်စဉ်းဆေးအစား လက်သည်းကပ်တဲ့ ကော်ကို လွဲမှားခတ်ပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်မှာ မျက်စိကပ်သွားခဲ့ပါတော့တယ်။

“မျက်စိထဲ အမှိုက်ဝင်သလိုဖြစ်သွားတဲ့ ကျွန်မပိုက်ဆံအိတ်ထဲက မျက်စဉ်းဆေးယူပြီး ခတ်ပေးဖို့ သူငယ်ချင်းကို ပြောလိုက်မိတယ်။ အဲဒီမှာ စူပါဂလူးကိုယူပြီး မျက်စိထဲ လောင်းထည့်ပေးခဲ့တာပါ။ အဲဒီမှာ မျက်စိကိုစုံပိတ်ပြီး အော်ဟစ်ကာ ၉၁၁ ကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်”လို့ ကက်သရင်းက ပြောပါတယ်။

ဆေးရုံကို ပထမဆုံး ရောက်ရောက်ချင်း ဆရာဝန်ဆီက အကူအညီမရသေးချိန်မှာ အတော် ခံစားခဲ့ရရှာပါတယ်။

“ဆရာဝန်က မျက်စိကို ကယ်တင်ဖို့အတွက် ခွဲစိတ်ကုသမှုလုပ်ဖို့ ပြောခဲ့ပေမယ့် ကျွန်မဘာလုပ်ရမယ်ဆိုတာ မသိပါဘူး။ ကျွန်မမှာ အလုပ်မရှိ၊ ကျန်းမာရေး အာမခံမရှိ၊ ငွေလည်း မရှိဘူးလေ” လို့ ကက်သရင်းက ပြောပါတယ်။

နောက်တစ်ကြိမ် ဆေးခန်းကို ပြန်ချိန်းလိုက်တဲ့အခါ တခြားဆရာဝန်တစ်ဦးက မျက်စိအထက်နဲ့ အောက်မှာ လစ်ဒိုကိန်းဆိုတဲ့ ထုံဆေးလိမ်းပေးခဲ့တဲ့အခါ နောက်ဆုံးမှာတော့ မျက်စိကို ဖွင့်နိုင်သွားပါတော့တယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ မျက်ကြည်လွှာမှာ ကပ်ကျန်နေတဲ့ ကော်တွေကို ဖယ်ရှားပေးနိုင်ခဲ့တဲ့အတွက် ကက်သရင်းဟာ မျက်စိရာသက်ပန် ထိခိုက်မှုမရှိတော့ဘဲ အမြင်အာရုံ ပြန်ရခဲ့ပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top