Healthy Life Ad
Health Tips

ရေနစ်ခြင်းအတွက် ရှေးဦးသူနာပြုစုနည်းလမ်းညွှန်

ရေနစ်တဲ့အခါ ရေထဲမှာ အသက်မရှူနိုင်လောက်အောင် ခံစားရတဲ့အတွက် လူတစ်ယောက်ကို သေဆုံးလုနီးပါးဖြစ်စေတဲ့ အခြေအနေပါ။ ဒါကြောင့် ရေနစ်တဲ့သူကို ကယ်ဆယ်ပြီး အရေးပေါ် ရှေးဦးသူနာပြုစုဖို့ အလွန်အရေးကြီးပါတယ်။

-ရေနစ်တဲ့သူက အော်ဟစ်ပြီး အကူအညီ မတောင်းနိုင်ပါဘူး။ ရေနစ်တာက အရေးပေါ်ကိစ္စပဲ ဖြစ်ပါတယ်။

-ကလေးတွေက ရေအနက် လက်မအနည်းငယ်မှာပင် ရေနစ်နိုင်ပါတယ်။

-ရေထဲအချိန်ကြာကြာ ရှိပြီးရင်တောင်၊ အထူးသဖြင့် ရေနစ်တဲ့သူက အသက်ငယ်ရင်၊ အလွန်အေးတဲ့ ရေထဲမှာနစ်နေရင် ရေနစ်တဲ့သူကို အသက်ကယ်နိုင်ပါတယ်။

   ရေနစ်သည့်အခါ ဖြစ်ပေါ်တတ်သည့် လက္ခဏာများ

ရေနစ်တဲ့အခါ ဝမ်းဗိုက်ဖောင်းကားတာ၊ မျက်နှာ၊ အထူးသဖြင့် နှုတ်ခမ်းတစ်ဝိုက်ပြာနှမ်းတာ၊ ရင်ဘတ်အောင့်တာ၊ အရေပြားအေးစက်ပြီး ဖျော့တော့တာ၊ သတိလစ်တာ၊ ပန်းရောင်အချွဲတွေထွက်ပြီး ချောင်းဆိုးတာ၊ အသက်မရှူတာ၊ ခန္ဓာကိုယ်ကတုန်ကယင်ဖြစ်တာ၊ အသက်ရှူမဝတာ၊ အန်တာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။

ရေနစ်ခြင်းအတွက် ရှေးဦးပြုစုနည်း

လူတစ်ယောက် ရေနစ်နေတဲ့အခါ

(၁) လူတစ်ယောက်ရေနစ်တဲ့အခါ အရင်ဆုံးလုပ်သင့်တာက ရေနစ်သူကို ရေထဲကနေဆွဲထုတ်ယူပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ဖြစ်စေမယ့် အနေအထားထဲမကျရောက်အောင်သတိထားပါ။ ဖြစ်နိုင်ရင် ရေနစ်တဲ့သူကိုကယ်မယ်ဆိုရင် အသက်ကယ်အင်္ကျီဝတ်ထားပါ။

(၂) ကယ်ပြီးတဲ့နောက် ရေနစ်သူကအသက်ရှူသေးရင် သူ့ကိုကျောခင်းပြီး သိပ်ထားပေးပါ။ အသက်ရှူတာကို ဆက်ရှူစေအောင် သတိထားရင်းနဲ့ အကူအညီရယူပါ။ လိုလာရင် CPRလုပ်ပါ။ သတိပြန်လည် မလာရင်တောင် အကူအညီမရောက်မချင်း ဆက်လုပ်နေရမှာပါ။

အသက်ရှူလမ်းကြောင်းကို ဆန်းစစ်ပေးပါ။ ပါးစပ်နဲ့ နှာခေါင်းမှာ ပိတ်ဆို့နေတာမရှိပါစေနဲ့။ ခေါင်းကိုတစ်ဖက်ဖက်မှာ နည်းနည်းလေးစောင်းပေးထားပါ။ မေးကို ရှေ့ဘက်ဆီဆွဲယူပေးထားပါ။ အသက်ရှူနေမနေ စစ်ဆေးပါ။

ရေနစ်တဲ့သူရဲ့ခန္ဓာကိုယ်ကို ရွှေ့တဲ့အခါ အမြဲသတိထားရပါမယ်။ လည်ပင်း ဒါမှမဟုတ် ကျောရိုးထိခိုက်ဒဏ်ရာ ရှိသလားဆိုတာ ဆန်းစစ်ပြီး လည်ပင်းနဲ့ကျောရိုးကို ကွေးညွတ်မသွားအောင်နဲ့ လည်မသွားအောင် လုပ်ဆောင်ပေးရမှာပါ။

ရေမနစ်စေရန် ကာကွယ်ပါ

-ရေကူးတဲ့အခါ ဒါမှမဟုတ် လှေစီးတဲ့အခါ အရက်မသောက်ပါနဲ့။

-ဘယ်ရေအနက်မှာမဆို ရေနစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ရေကူးကန်၊ ရေချိုးဇလုံ စတာတွေထဲမှာ ဘယ်တော့မှ မထားခဲ့ပါနဲ့။

-ကလေးတွေကို ဘယ်တော့မှ တစ်ယောက်တည်းရေမကူးပါစေနဲ့။

(Ref;nih)

Most Popular

Healthy Life Ad
To Top